Zawgyi
"ကျန်းချန် မင်းလိုက်ခဲ့ချင်တာ သေချာရဲ့လား"
"ရောက်တောင် ရောက်နေပီပဲကို ဘာလိုမသေချာရမှာလဲ"
"....."
"ဘာလဲ မင်းဟာလေး သဝန်တိုမှာစိုးလို့လား"
"ကျန်းချန်..."
နောက်သလိုလို ပြောင်သလိုလို ပြောနေတဲ့ ကျန်းချန်ကို
ရှောင်ကျန့်က ထိတယ်ဆိုရုံလောက်လေး လက်မောင်းကို
ခပ်ဖွဖွထုတယ်။ခြံတံခါးဖွင့်လိုက်တော့ အရှေ့တည့်တည့်မှာ တခုခုကို
ဒေါသ ထွက်နေပုံရတဲ့ ရိပေါ်က
သူတို့နှစ်ယောက်ကို မျက်ထောင့်နီကြီးနှင့် ကြည့်ကာ
ချာခနဲပြန်လှည့်ထွက် သွားလေသည်။"ရှောင်ကျန့် မင်းဟာလေး အူတိုသွားပီထင်တယ်"
"ကျန်းချန်..."
မဟုတ်တာတွေမပြောနဲ့ဆိုတဲ့ ပုံစံနဲ့ရှောင်ကျန့်က ကျန်းချန်ကို
မျက်စောင်းလှလှလေး ထိုးတော့ ထိုမြင်ကွင်းကိုကြည့်ကာ အသည်းသန်ဒေါသထွက်နေတဲ့ ရိပေါ်က
ရှောင်ကျန့်ဘေးက လူကို ဆွဲထိုးပစ်ချင်နေပြီ။ပထမ မြင်ကွင်းနဲ့တင် လူပ်စိလူပ်စိဖြစ်နေတဲ့ ရိပေါ်က
သူ့ကိုမျက်စောင်းလှလှလေး ထိုးဖို့ မပြောနဲ့
မျက်နှာချင်းဆိုင် ဖို့တောင်ခက်ခဲနေတဲ့ ကျန့်ကောကို
အရမ်းဘက်လိုက်တာပဲလို့ တွေးနေလေရဲ့။ပြုံးရွှင်နေတဲ့ မျက်နှာထားနဲ့ မျက်နှာချင်းဆိုင် စကားပြောပီး
ဝင်လာတဲ့ ကျန့်ကောနဲ့အဲဒီလူက နှစ်ယောက်တစ်ကမ္ဘာ
တည်နေတာများ သူ့ကို ရှိတယ်လို့တောင်
ထင်ရဲ့လားမသိ။
သိလဲ သိမှာ မဟုတ်တာ သူက ကွယ်ရာကနေပဲ လိုက်ချောင်းနေတာကိုး။"ကျန်းချန် အဲဒီအိတ် ငါ့ကိုပေး"
"ရပါတယ် ငါသယ်နိုင်ပါတယ်"
"မဟုတ်တာ ဒီလောက် လေးနေတာကိုပေး..."
ရှောင်ကျန့်က ပြောလဲပြော ကျန်းချန်ရဲ့ ဘယ်ဘက်
လက်ထဲက အိတ်ကိုဆွဲယူတယ်။
နောက်ဆုံးတော့ ပြောလို့မနိုင်တဲ့ ကျန်းချန်ကပဲ အရူံးပေးလိုက်ရတာပဲ။
YOU ARE READING
In My Mind( Completed)
Fanficထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်... ထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်...