Unicode
"ကိုကို ကိုကို ဟွန်းနီး ဒီနေ့မူကြိုမှာပုံဆွဲလာတယ်!"
ဂျယ်ယွန်းတစ်ယောက် ကျောင်းကားပေါ်ကနေ ဆင်းဆင်းချင်း လက်ထဲမှာ စက္ကူတစ်ချပ်ကိုကိုင်ရင်း သူရှေ့ကိုအပြေးရောက်လာသော ကလေးလေး။
လာကြိုတဲ့ ဂျယ်ယွန်းမေမေကတောင် သူ့နောက်က။
"ကိုကို ကိုကို ဟွန်းနီးဆွဲထားတဲ့ပုံကိုကြိုက်လားဟင်? ကိုကိုနဲ့ဟွန်းနီးလေ ဒီမှာ လက်တွဲထားတာ"
ဂျယ်ယွန်းကျောင်းဝတ်စုံတွေကို လဲနေတုန်း သူ့ကုတင်ပေါ်မှာ ကျကျနနထိုင်လျက်စောင့်နေသည့် ကလေးလေးက အမောတကောနဲ့ သူ့ပုံကိုဆက်ပြပြန်သည်။
"ဝါး ဒါက ဟွန်းနီးပေါ့ ဒီဘက်ကအရပ်ရှည်တဲ့တစ်ယောက် ကိုကိုပေါ့? ဟုတ်လား ဟွန်းနီး"
"Nae Nae"
မျက်လုံးလေးတွေမှိတ်သွားသည်ထိ ပြုံးပြရင်း ခေါင်းကိုတစ်ဆက်ဆက်ငြိမ့်ရင်း ဖြေလာသည့် ဂျယ်ယွန်းရှေ့က ၅နှစ်တောင်ပြည့်မှာမဟုတ်သေးသည့် ကောင်လေး။
ဘေးအိမ်က ဒီကလေးလေးက ဘာလို့မှန်းမသိ ဂျယ်ယွန်းကို တအားခင်တွယ်သည်။
စကားပြောတတ်စတည်းက ဂျယ်ယွန်းကို ကိုကို ကိုကိုလို့ တတွတ်တွတ်ခေါ်ကာ အမြဲတမ်းဂျယ်ယွန်းတို့အိမ်ဆီရောက်နေတတ်သော ကောင်လေးက ချစ်စရာတော့အတော်ကောင်းသား။
သူ့အိမ်မှာ ညီမလေးသေးသေးလေးတစ်ယောက်ရှိသေးပေမဲ့ စကားတောင်မပြောတတ်သေးသော လမ်းလျှောက်သင်ကာစ ညီမလေးထက်စာရင် သူ့ထက်အသက်ကြီးပြီး သူ့အပေါ်အမြဲ စိတ်ရှည်အလျှော့ပေးတတ်သော ဂျယ်ယွန်းကိုသာ ပိုချစ်ခင်နေသယောင်။
"ဒါနဲ့လေ ကိုကိုက ဘာလို့ ဟွန်းနီးထက်အရပ်အများကြီးပိုရှည်နေရတာလဲဟင်?
ဟွန်းနီးဆိုလေ အိမ်မှာ ကိုယ့်ဘာသာရေခပ်လို့မမီသေးဘူး ကိုကိုကကျ ကိုယ့်ဘာသာလုပ်လို့ရတယ်နော် ဟူး အားကျလိုက်တာ"မျက်လုံးလေးပေကလပ် ပေကလပ်လုပ်ကာ ပြောလာသည့် ကလေးလေးက၅နှစ်အရွယ်ဆိုပေမဲ့ ပိန်ပိန်ပါးပါးလေး။
YOU ARE READING
Some(썸)|Jakehoon✅
Fanfiction"Give me your heart 'Cause I ain't gonna break it" -a JAKEHOON story •RomanceXComedy • Completed start : May 11th ,2021 end : August 5th,2021