Unicode
Special Cameo : Trainee A
လက်ရှိအချိန် ။
Seoul , 7:10 pm ။
"ဆောင်းဟွန်းရှီ ကျတော်ကပဲကြားထဲကနေ တောင်းပန်ပါတယ်"
"ဒီကအကိုတောင်းပန်စရာမလိုပါဘူး"
"ဟွန်းနီး မင်းတော်သင့်ပြီ"
အခြေအတင်ဖြစ်နေတဲ့လူသုံးယောက်ရဲ့စကားဝိုင်းစတင်ရာကို ပြည့်ပြည့်စုံစုံနားလည်နိုင်ဖို့ဆိုရင် အရင်ဆုံး လွန်ခဲ့တဲ့ ၄ နာရီဆီပြန်သွားကြရအောင် ။
လွန်ခဲ့သော၄နာရီက ။
Seoul , 3:15 pm ။
"wait မင်း ဒီမှာပဲ ခဏစောင့်နေလိုက် ငါအိမ်အပေါ်တက်ယူပြီးပြန်လာခဲ့မယ် It won't take long"
Leoကို တိုက်အောက်မှာ စောင့်ခိုင်းထားပြီး အိမ်မှာကျန်ခဲ့တဲ့ပိုက်ဆံအိတ်ကို အမြန်တက်ယူကာ ခပ်မြန်မြန်ပြန်ထွက်ဖို့ကအရေးကြီးသည်။
ဆောင်းဟွန်းက ကျောင်းကနေ ဘယ်အချိန်ပြန်ရောက်လာမလဲမသိနိုင်တာကြောင့် အခုချိန်သူနဲ့တွေ့ရင် .. တကယ်ကတော့ အထူးသဖြင့် Leoနဲ့ပေးတွေ့လိုက်မိရင် အဆင်မပြေဖြစ်နိုင်မှာကို တွေးမိတာကြောင့် ။
အစတည်းက Leoကို အိမ်ထိခေါ်လာဖို့ စိတ်ကူးမရှိပေမဲ့ ရှပ်ပြာပြာနိုင်တတ်တဲ့ကိုယ့်အကျင့်ဟာ ဒီလိုနေရာမှာပြန်ပြီးလာဒုက္ခပေးသည်။
တကယ်တော့ Leoဆိုတာက Jakeရဲ့ Australiaက သက်တူရွယ်တူအတန်းတူ ငယ်သူငယ်ချင်း။
အင်း ... တိတိကျကျပြောရရင်တော့ ရည်းစားဟောင်းလို့ပဲပြောရမလား။မြီးကောင်ပေါက်စအရွယ်မှာ ခံစားချက်တွေဘာညာသေချာမသိသေးပဲ လက်တည့်စမ်းပြီး သူငယ်ချင်းမက ရည်းစာမကျ Dateတဲ့အဆင့်ထိဖြစ်ဖူးတဲ့ သူတို့နှစ်ယောက်။
မတွေ့တာကြာခဲ့ပြီဆိုပေမဲ့ အခုအလုပ်ကိစ္စနဲ့ပြန်တွေ့ကြတဲ့အချိန်မှာ နှစ်ယောက်လုံး ဆယ်ကျော်သက်ကောင်လေးတွေမဟုတ်တော့တဲ့အပြင် ခံစားချက်အစစ်အမှန်ကိုခွဲခြားတတ်တဲ့ လူကြီးတွေလည်းဖြစ်နေခဲ့ကြပါပြီ။
ESTÁS LEYENDO
Some(썸)|Jakehoon✅
Fanfic"Give me your heart 'Cause I ain't gonna break it" -a JAKEHOON story •RomanceXComedy • Completed start : May 11th ,2021 end : August 5th,2021