Unicode
"ဆောင်းဟွန်း မပြန်သေးဘူးလား"
ဂျောင်ဝန်း ဆိုင်ကောင်တာမှာ သိမ်းစရာရှိတာတွေသိမ်းဆည်းပြီးတဲ့အထိ အေပရွန်မချွတ်ရသေးတဲ့ ဆောင်းဟွန်းကိုလှည့်ကြည့်ပြီးမေးတော့ ကြမ်းသုတ်တံကိုကိုင်ထားတဲ့ ဆောင်းဟွန်းက ခေါင်းအသာယမ်းပြသည်။
"ငါဒီမှာသန့်ရှင်းရေးဆက်လုပ်လိုက်ဦးမယ် ဆိုင်တံခါးကိုငါပဲပိတ်ပြီးပြန်လိုက်မယ်"
ကျောင်းပိတ်ရက်ရှည်မှာ အားနေတုန်းမို့ ဂျောင်ဝန်းက သူ့အမေဖွင့်ထားတဲ့ကော်ဖီဆိုင်လေးမှာ ကူလုပ်ပေးရင်း ဆောင်းဟွန်းကပါ ဝင်ပြီးအချိန်ပိုင်းလုပ်ပေးဖြစ်နေတာ တစ်လကျော်လောက်ရှိနေပြီဖြစ်သည်။
အရင်တည်းက ခပ်ငြိမ်ငြိမ်နေတတ်တဲ့သူဆိုပေမဲ့ အခုနောက်ပိုင်း သာမန်ထက်ကိုပိုပြီးငြိမ်သွားတဲ့ ဆောင်းဟွန်းဟာ အရင်ကထက် ဖျော့တော့လာပုံလည်းပေါ်သည်။
ဘဝထဲကနေ ရုတ်တရက်လစ်လပ်သွားတဲ့နေရာတစ်ခုရဲ့ သက်ရောက်မှုဟာ အတော့်ကိုကြီးမားပါလားဆိုတာ ဂျောင်ဝန်းအနေနဲ့ ဘေးကနေလက်တွေ့မျက်မြင်ခံစားလိုက်ရသလိုပါပဲ။
အဲ့လိုဆိုပြီး ရုတ်တရက် မျက်လှည့်ပြသလို လေထဲမှာအငွေ့ပျံပြီးပျောက်သွားသလားအောက်မေ့ရလောက်တဲ့ စီနီယာJakeကိုလည်း အခုထိနားမလည်နိုင်သေး။
စားပွဲမြင့်မြင့်မှာတင်ထားတဲ့ ကတ္ထူဘူးပါးပါးလေးဟာ ရုတ်တရက် အောက်ကိုပစ်ချခံလိုက်ရတဲ့အခါ ပုံစံပျက်သွားသလိုမျိုး။
အဆင်သင့်မဖြစ်နိုင်သေးတဲ့အချိန်မှာ ရုတ်တရက် ပြောင်းလဲသွားတဲ့ ခေါက်ချိုးကျပြီးသား နေ့စဉ်ဘဝ။အချိန်ပိုင်းဝင်လုပ်တာဆိုပေမဲ့ ဂျောင်ဝန်းရဲ့သူငယ်ချင်းမို့ သူ့အမေက သက်သက်သာသာနေခိုင်းတာကို လက်မခံပဲ တစ်နေကုန်နီးပါး ဆိုင်မှာလာအချိန်ဖြုန်းပြီး အလုပ်တွေချည်းဖိလုပ်နေတတ်တဲ့ ဆောင်းဟွန်းဟာ စကားလည်းအတော်နည်းလာသည်။
မနက်ဆိုင်ဖွင့်ချိန်ကစလို့ တစ်ဆိုင်လုံးမှာရှိသမျှ အလုပ်တွေကို သူချည်းသိမ်းကြုံးလုပ်တဲ့ဆောင်းဟွန်းဟာ ငွေရှင်းကောင်တာမှာလည်းသူပါသည်။ ပန်းကန်ခွက်ယောက်ဆေးတာလည်းသူမလွတ်။ ဆိုင်သန့်ရှင်းရေးကလည်း သူ့တာဝန် ။
YOU ARE READING
Some(썸)|Jakehoon✅
Fanfiction"Give me your heart 'Cause I ain't gonna break it" -a JAKEHOON story •RomanceXComedy • Completed start : May 11th ,2021 end : August 5th,2021