썸 - 08

1.5K 240 131
                                    

Unicode



ဆိုးရင်း၊ပြန်ချော့ရင်း၊ သဝန်တိုရင်း၊ သည်းခံရင်းနဲ့ ကုန်ဆုံးလာတဲ့အချိန်တွေက သာမန်တစ်ယောက်တည်းကုန်ဆုံးခဲ့ရတဲ့အချိန်တွေတုန်းကထက်တော့ ပိုပြီးမြန်ဆန်သယောင်။

တစ်နေ့ထက်တစ်နေ့ ပိုပြီးရှည်လာတဲ့အရပ်နဲ့ပြောင်းပြန် ပိုပိုပြီးကလေးဆန်လာတဲ့ ဟွန်းကို ကောင်းကောင်းသည်းခံနိုင်တာက Jake တစ်ယောက်ပဲရှိလိမ့်မည်လို့ အားလုံးကလည်းလက်ခံသည်။

တကယ်တော့ ဆောင်းဟွန်းက သူ့ဘာသာဆို အဲ့လိုမဟုတ်။
အေးအေးဆေးဆေးနေပြီး စကားတောင် လေလုံးကွဲအောင် သိပ်မပြောတတ်တဲ့သူ။
အထူးသဖြင့် ဂျောင်ဝန်းတို့နဲ့လိုမျိုးဆို သူကတောင်မှ ပိုပြီး သည်းခံပေးတတ်တဲ့သူမျိုးဟာ ဂျယ်ယွန်းနဲ့ကျမှကို သက်သက်လုပ်ယူနေသလိုမျိုး။
တမင်ပဲလုပ်ယူနေသလား အလိုလိုပဲဖြစ်နေတာလားဆိုတာကိုတော့ ဆောင်းဟွန်းတစ်ယောက်သာသိပါလိမ့်မည်။

ဒီလိုမျိုး တဖြည်းဖြည်းနဲ့ လူသိလာတဲ့အလျောက် ရေရေရာရာမသိကြတဲ့သူတွေဆီက
ခပ်ချောချောစီနီယာအကိုကြီးတစ်ယောက်နဲ့တွဲနေတဲ့ ဂျူနီယာတွေထဲမှာ အချောဆုံးကောင်လေးဟာ တကယ်မချစ်ပဲ သက်သက်အနိုင်ယူနေတာမျိုးလိုလို အတင်းအဖျင်းသတင်းစကားတွေကို ဟိုဟိုဒီဒီကြားရတဲ့အခါ စိတ်တိုရတဲ့သူက ဂျယ်ယွန်းသာ။


လူတွေဆိုတာကလည်း ကိုယ်နဲ့မဆိုင်တာကိုမှ နှုတ်အရသာခံပြီးပြောရတာကို သိပ်ကြိုက်တတ်ကြတာကိုး။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကဘယ်လိုဖြစ်သည် ဘယ်ညာဖြစ်သည်ဆိုပြီး ဝေဖန်ပိုင်ခွင့် ဘယ်တုန်းကများ ပေးမိလို့ ဒီလိုအလွယ်ကြည့်ပြီး ပြောရက်ကြတာလဲလို့တွေးကာ စိတ်မကောင်းလည်းဖြစ်ရသည်။

သူကသာ ဘေးစကားတွေက ခံစားနေတတ်ပေမဲ့ ဘာကိုမှ ဂရုမစိုက်သလိုမျိုးနေတတ်တဲ့ ဆောင်းဟွန်းကတော့ သိတဲ့ပုံတောင်မပေါ်။

ဒါကပဲ ကောင်းပါတယ်လေ။


ဒီကိစ္စနဲ့ပက်သက်ပြီး တစ်ခါတစ်ခါ ဒေါသဖြစ်ရတဲ့အခါတိုင်း ဘေးကနေ "မင်းကလည်း သူအနိုင်ကျင့်သမျှ ခံနေတာကိုး" ဆိုပြီး ပြောတတ်တဲ့ Jayကိုပါ ဆွဲထိုးချင်စိတ်ပေါက်မိတာ အကြိမ်ကြိမ်။

Some(썸)|Jakehoon✅Donde viven las historias. Descúbrelo ahora