썸 - 11

1.5K 219 94
                                    

Unicode




"ဟင်း::"


သက်ပြင်းရှည်ကြီးကို ဆွဲပြီးချလိုက်သည့် ဆောင်းဟွန်းကြောင့် ဂျောင်ဝန်းပါစာကြည့်နေရင်း အာရုံပြောင်းမိသွားသည်။



"ဟေ့ရောင် အဲ့လောက်ဖြစ်နေလည်း မင်းကအရင်ဆက်သွယ်လိုက်ကွာ ရက်ပိုင်းပဲဖြစ်နေပြီကို"


သူ့စကားကို မတုံ့ပြန်ဘဲ အခန်းထောင့်မှာ စာအုပ်ကြီးတစ်အုပ်ကိုကိုင်လျက် ငူငူကြီးထိုင်နေတဲ့ဆောင်းဟွန်း။

ဒီကောင် ဒီလိုပုံစံနဲ့စာအုပ်ကြီးကိုင်ကိုင်ပြီး ငူနေတာ အဆောင်ကိုရောက်လာကတည်းကဆိုတော့ ၄,၅ရက်လောက်တော့ရှိနေပြီ။

ဘယ်လိုဖြစ်ပြီးရောက်နေသလဲဆိုတာကတော့ ထုံးစံအတိုင်း...ဟုတ်ပါတယ် ထုံးစံအတိုင်း သူ့ရည်းစားနဲ့ရန်ဖြစ်ပြီး ထွက်လာတာပဲပေါ့။



သူ့ကို မျက်နှာတစ်ချက်မညှိုးအောင် အလိုလိုက်ပေးတဲ့စီနီယာနဲ့ဆို စိတ်လက်တစ်ဆစ်လုပ်တတ်တဲ့ကောင်က ထစ်ခနဲရှိတိုင်း အဆောင်ကို ရောက်ရောက်လာတတ်တာမို့ ဂျောင်ဝန်းအတွက် အဆန်းမဟုတ်တော့။

ဒါပေမဲ့ ဒီတစ်ခါတော့ နည်းနည်းထူးဆန်းတာရှိနေသည်။

ပုံမှန် ဆောင်းဟွန်းရောက်လာပြီဆို နာရီပိုင်းတောင်မကြာဘဲ နောက်ကနေလိုက်လာပြီးခေါ်တတ်တဲ့ စီနီယာJake။

အမြဲတမ်း ချော့မော့ပြီး ပတ်ဆောင်းဟွန်းမျက်နှာတစ်ချက်ပျက်မှာကိုတောင် ကမ္ဘာပျက်မလောက်မုန်းတဲ့သူ။

အခုကတော့ နာရီပိုင်းမကလို့ ရက်တွေတောင်ကူးပြီး တစ်ပတ်တောင်ပြည့်တော့မည်။
စီနီယာက အဆောင်ဘက်ကိုခြေဦးတောင်လှည့်မလာသေး။

အဲ့လိုဆိုတော့ ဒီတစ်ခါရန်ဖြစ်တာက နည်းနည်းတော့ပြင်းထန်လိမ့်မည်လို့ ဂျောင်ဝန်းကခန့်မှန်းသည်။



ဘာပဲဖြစ်ဖြစ် သိပ်တော့စိတ်မပူပါ။ 

သူတို့လောက်သဲသဲလှုပ်ချစ်ကြတာ သူတို့ပဲမို့။

အထူးသဖြင့် စီနီယာJakeက ဒီခပ်ဆိုးဆိုးကောင်ကို ဘယ်လောက်ချစ်လဲဆိုတာ သူတင်မက တစ်ကျောင်းလုံးပါသိတာမို့။

Some(썸)|Jakehoon✅Where stories live. Discover now