Chapter 1 (Unicode)

134 10 0
                                    

နေမင်းကြီးကပေးစွမ်းသော နေရောင်ခြည်တွေက အရောင်စုံပန်းခင်းကြီးပေါ် လှပနွေးထွေးစွာဖြာကျနေပုံကို Junမြင်ရသည်မှာ အိပ်မက်ဆန်ကာ ရင်သပ်ရှုမောဖွယ်အတိ။ Jun ပန်းခင်းထဲမှာ ပြေးလွှားနေစဥ် မြင်လိုက်ရသည်က အလွန်ရင်းနှီးသော လူတစ်ယောက်၏နောက်ကျောပြင်။Jun ထိုသူရှိရာသို့ ပြေးသွားလိုက်ပြီး ထိုသူကို နောက်မှဖက်ထားလိုက်၏။ ထိုသူကလည်း Junဘက်သို့လှည့်လာပြီး Junခါးကို လက်တစ်ဖက်ကကိုင် ကျန်လက်တစ်ဖက်က Jun၏မျက်နှာလေးကိုကိုင်ကာ ချိုမြိန်ပြီးနှစ်သက်ဖွယ်ကောင်းသော အနမ်းတစ်ခုကို ဖန်တီးရန်စတင်လိုက်သည်။ ထိုစဉ်

......Oh!Everytime I see you........

ဖုန်းသံမြည်လာ၍ Junတစ်ယောက် အိပ်မက်မှ နိုးထလာရသည်။ အိပ်ရာဘေးရှိ စားပွဲပေါ်မှ နာရီကြည့်လိုက်တော့ မနက်၅နာရီ။ Jun ညက ကျောင်းသားတွေစာမေးပွဲအတွက် လုပ်နေရသောကြောင့် ညဥ့်အတော်နက်မှ အိပ်ရာဝင်ဖြစ်သဖြင့် ခုအချိန်နိုးလာရခြင်းကို စိတ်မကြည်။

"ဟာကွာ စောစောစီးစီး ဘယ်ကကောင်တွေလဲမသိဘူး အိပ်နေတာကို လာနှောင့်ယှက်တယ်"

စိတ်ပေါက်ပေါက်ဖြင့် ပြောပြီးနောက် အိပ်ရာဘေးရှိ phoneကိုယူကာကိုင်လိုက်သည်။ phone screen ပေါ်မကြည့်မိလိုက်။

"Hello ဘယ်သူလဲ!ဒါလူအိပ်ချိန်ကွ!ဖုန်းကိုအချိန်အခါနဲ့ဆက်မှပေါ့!!!!!"

".....Junအိပ်နေတာလား ။ ကိုယ်တောင်းပန်တယ်နော်။ ကိုယ်ကတာဝန်ပြီးပြီးချင်း Junအသံလေးကြားချင်လို့ ဖုန်းဆက်လိုက်တာ"

တစ်ဖက်လူ အသံကြားကာမှ သူအသိစိတ်ကပ်ကာ phone screen ပေါ်ကြည့်လိုက်မိသည်။ မှတ်ထားသော contact name က "One and Only Xing❤️"

"ပြန်ရောက်နေပြီလား Xing"

"အင်းကိုယ်ခုမှပြန်ရောက်တာ။ Junအိမ်ကို ကိုယ်လာခဲ့မယ်လေ"

"မလာနဲ့ မင်းပင်ပန်းနေမှာပေါ့၊နားလိုက်လေ၊ငါ မင်းအတွက်စားစရာ ပြင်ပြီးလာခဲ့မယ်"

"Junပင်ပန်းပါတယ်၊ ကိုယ်ပဲလာခဲ့ပါ့မယ်၊ တစ်ယောက်တည်းလာဖို့ကို စိတ်မချဘူး။ပြီးတော့ Junရှိရင်ဘာမှမလိုတော့ဘူး အကုန်ပြည့်စုံတယ်။"

အသက်ထက်ပို၍ချစ်ရပါ​သောWhere stories live. Discover now