Chapter 5 (Unicode)

48 8 0
                                    

ကလေးပိစိလေးကို အလယ်မှာထားကာ ဝိုင်းကြည့်နေသော လူလေးယောက်။

"အဲ့တော့ ဒီကလေးကိုဘာလုပ်ကြမယ် စိတ်ကူးလဲ။"

Hunnieကပြောကာ ကလေး၏ပါးဖောင်းဖောင်းပေါ်ကို လက်ညှိုးလေးဖြင့် ထောက်လိုက်သည်။ ကလေးကလည်း သူ့ကိုချော့မြူနေသည်ကို သိသဖြင့် ချစ်စဖွယ်ကောင်းစွာ တခစ်ခစ် ရယ်နေသည်။

ထိုနေ့ည အတိအကျပြောရလျှင် ဟန်မြစ်ဘေးမှာစားကြသည့်ညက ထိုကလေးကို Xingနဲ့Jun ရှာတွေ့ခဲ့သည်။Xingတို့ရှာရှာဖွေဖွေကြည့်ကာမှ ယောကျာ်းလေးမှန်းသိရသည်။အနှီးထုပ်ထဲတွင် မွေးနေ့၊မွေးလ၊မွေးနှစ် ရေးထားသော စာရွက်ပိုင်းလေးမှလွဲ၍ ကျန်တာဘာမှမတွေ့။mochiလုံးလေးကဲ့သို့ ဖြူဖြူလုံးလုံးတစ်တစ်ကလေးမို့ အလွယ်တကူပင် mochiလေးဟုခေါ်ခဲ့ကြသည်။ထိုနေ့က ကလေးကိုတွေ့ရတော့ လေးယောက်စလုံးပြာသွားကာ ဆိုဂျူပင်ဆက်မသောက်ဖြစ်ကြ။ရဲစခန်းမှာ အကြောင်းကြားရသည် ပြီးနောက် နီးစပ်ရာများကို လိုက်လံမေးမြန်းရသည်နှင့် အတော်ကိုညနက်သွားသည်။နောက်ဆုံး ကိုယ့်အိမ်ကိုယ်တောင် မပြန်နိုင်တော့ဘဲ Xingအိမ်တွင်သာ အိပ်လိုက်ကြရသည်။ Junလည်း တက်နိုင်သလောက် Social mediaများပေါ်တွင်ရှာပေးကာ Luကလည်း သူ့အသိဆရာဝန်များကို တက်နိုင်သလောက် မေးမြန်းပေးသည်။Hunnieနဲ့Xingကလည်း လက်ကမ်းစာစောင်များပြုလုပ်ပြီး လိုက်ရှာကြသည်။ mochiလေး Junတို့ဆီရောက်လာတာ တစ်ပတ်ပင်ပြည့်တော့မည်။ ခုထက်ထိတော့ အကြောင်းကြားလာခြင်း မရှိသေး။

"ကဲ mochiလေးရေ။ငါတို့ဘယ်လိုလုပ်ရမလဲဟင်။"

Junလည်းကလေးကိုချော့မြူသလို ကလေးလက်ကလေးနှစ်ဖက်ထဲသို့ Junလက်ညှိုးတစ်ချောင်းစီကို ထည့်ကာမေးလိုက်တော့ တခစ်ခစ်ရယ်ကာ လက်ညှိုးများကိုဖမ်းဆုပ်ထားသည်မှာ ပြန်မလွှတ်တော့။

"ဒီကလေးလေးက ကိုယ့်လိုပဲ Junကိုတော်တော်ချစ်ပုံရတယ်။"

Xingက ကြမ်းခင်းပေါ်ချထားသည့်ကလေးကို ပွေ့ချီရင်းပြောလာသည်။ mochiလေးကိုစတွေ့တဲ့နေ့ကတည်းက Junနဲ့Xing လည်းစကားသိပ်မပြောဖြစ်တော့။ နှစ်ယောက်တည်းရှိချိန်တွင်တော့ Junရှက်သလိုလိုဖြစ်မိပေမယ့် ထင်ထင်ပေါ်ပေါ်ကြီးတော့မဟုတ်။အားလပ်ရက်ပင် ကုန်တော့မည်။Jun,Lu geနှင့် Hunnieတို့ ကိုယ့်အိမ်ကိုယ်မပြန်ကြရသေး။ အလုပ်နှင့်နီး၍ ဝယ်ထားသော အိမ်ပင်မပြန်နိုင်ကြ မြို့လယ်ကောင် ဆိတ်ငြိမ်ရပ်ကွက်ရှိ လူချမ်းသာများနေသောအိမ်ရာမှ Xing၏ခြံဝင်းအကျယ်ကြီးထဲမှာ နေကြသည်။

အသက်ထက်ပို၍ချစ်ရပါ​သောWhere stories live. Discover now