Chapter 9 (Unicode)

116 11 1
                                    

ဆေးရုံဝန်းထဲရှိလူများကလည်း ဝမ်းသာခြင်း ဝမ်းနည်းခြင်း စသော ခံစားချက်ပေါင်းစုံဖြင့် လှုပ်ရှားသွားလာနေကြသည်။ သူနဲ့ lu geလည်း အရေးပေါ်လူနာဌာနဆီသို့ ဦးတည်ပြေးသွားသည်။ ဆေးရုံလမ်းတစ်လျှောက် lu geကို မှတ်မိနေသော သူများက အလိုက်တသိ လမ်းဖယ်ပေးကြသည်။ ဆေးကောင်တာနားတွင် ရပ်နေသော Sehunnie မိဘများက mochiကို lu geလက်ထဲက ပွေ့ယူလိုက်ပြီး

"Sehunnie က ပြင်ပ ပွန်းပဲ့ ဒဏ်ရာလောက်ပဲရတာ Xiao lu , အခုအခန်းထဲမှာနားနေတယ်။ Yixingလေးကတော့ နှလုံးကို ကျည်ဆန်ရှပ်ထိသွားလို့ အရေးပေါ်ကယ်ဆယ်နေရတယ်။ ဟိုကန့်လန့်ကာ နောက်မှာ"

Sehunnie appaက ပြောရင်းနဲ့ အခန်းတစ်ခုကို ညွှန်ပြလာသည်။ ထိုစကားကိုကြားပြီးနောက် အိန္ဒြေမဆည်နိုင်အောင် shockရသွားသူက Jun Myeon.  သူ့ကိုယ်သူပင် မထိနိးနိုင်အောင် လဲကျသွားရသည်။ အနားရှိ lu geက ပွေ့ချီထားသောကြောင့် ကြမ်းပြင်ပေါ်မကျခြင်း။ အားတင်းကာထိုနေရာသို့ လျင်မြန်စွာ သွားကြည့်လိုက်သည်။

မျက်နှာနှင့် ဗလာကျင်းနေသော ခန္တာကိုယ် အပေါ်ပိုင်းတွင် ပွန်းပဲ့ရာများ သွေးခြောက်များဖြင့် ပေပွနေသည်။ မျက်နှာထက်မှာလည်း အောက်ဆီဂျင်ပိုက်ဖြင့် အုပ်ထားသည်။ နှလုံးနားတွင်လည်း ချုပ်ထားသောအရာတစ်ခုကို တွေ့ရသည်။ ကုတင်ဘေးနားရှိ စက်ကလည်း 'တီ...တီ...တီ...တီ'ဟုပုံမှန်မြည်သံပေးကာ လှိုင်းတွန့်များကလည်း အနိမ့်အမြင့် အတက်အကျ ပုံမှန် ရှိနေသည်။ တာဝန်ကျ ဆရာဝန်လေးက lu geကို

"Dr. Lu, patient ဒဏ်ရာက နှလုံးနားမှာ ကျည်ဝင်သွားတာ၊ ကျည်ဝင်တာလည်း ထုတ်ပြီးပြီ။ သွေးကြောတွေနဲ့ အပြင်ပိုင်းဒဏ်ရာကိုတော့ ချုပ်ပြီးသွားပြီ။ operation အောင်မြင်တယ်လို့ ပြောလို့ရတယ်။ အခု လူနာရဲ့ အသက်က သူ့ရဲ့အသက်ရှင်ချင်စိတ် အပေါ်မှာပဲ မူတည်တယ်။"

ဆရာဝန်ဖြစ်တဲ့ lu geကတော့ နားလည်စွာ ခေါင်းညိတ်နေသည်။ သူကတော့ Xingကို ကြည့်ပြီး ဖြည်မဆည်နိုင်အောင် မျက်ရည်ပင်လယ်ဝေနေသည်။ ရှိုက်သံမထွက်ဘဲ မျက်ရည်များသာကျလာသည်။ လက်မှာလည်း သွေးသွင်းပိုက်၊ မျက်နှာထက်မှာလည်း အောက်ဆီဂျင်ပိုက်၊ ကြည့်ရက်စရာ မရှိသော ဒဏ်ရာများဖြင့် Xingအစား သူမခံနိုင်ဖြစ်နေရသည်။

You've reached the end of published parts.

⏰ Last updated: Feb 26, 2023 ⏰

Add this story to your Library to get notified about new parts!

အသက်ထက်ပို၍ချစ်ရပါ​သောWhere stories live. Discover now