ညရောက်သောအခါ Junကိုယ်တိုင်စားဖိုဆောင်ထဲဝင်ပြီး ဟင်းများချက်ပြုတ်သည်။ဟင်းများဆိုလို့ အထင်ကြီးသွားကြပြီထင်ပါရဲ့။တစ်ကယ်တော့ Junကောင်းကောင်း ချက်ပြုတ်တတ်သည်က ထမင်းနှင့် ကြက်ဥကြော်၊အရွက်သုပ်များ၊ ခေါက်ဆွဲပြုတ်များပင်ဖြစ်သည်။ဒီနေ့ Lu geအိမ်ပြန်နောက်ကျမည်မို့ Junတစ်ယောက် Xingကိုကြက်ဥကြော်ကျွေးနေခြင်းဖြစ်သည်။ Lu geနဲ့Hunnieက အပြင်မှာဒိတ်လုပ်မည်ဖြစ်သောကြောင့် Junနဲ့Xingသာ စားရမည်ဖြစ်သည်။ mochiလေးကိုတော့အခန်းထဲမှာ သိပ်ခဲ့ကာ သူတို့နှစ်ဦး စားဖိုဆောင်ထဲရောက်နေခြင်း။ စားဖိုဆောင်ဝန်ထမ်းများကို အနားယူခိုင်းကာ Junကိုယ်တိုင် ဝင်ချက်နေသည်။
"Jun။အရင်တုန်းကကော ကိုယ့်ဘာသာကိုယ်ချက်စားတာဘဲလား။"
ထမင်းစားစားပွဲမှာထိုင်ရင်း စားရန်စောင့်နေသော Xing က ထမင်းပေါင်းအိုးထဲမှ ထမင်းများပန်းကန်လုံးထဲထည့်နေသော Junကိုမေးလာသည်။
"Ommကျောင်းကအပြန်ဆို restaurant ကနေ အသားဟင်းနဲ့ soupဝယ်တယ်။အိမ်နားကဈေးကနေ ဟင်းသီးဟင်းရွက်၊အသီးအနှံ၊နို့ တွေဝယ်ပြီး အိမ်ရောက်ရင် အရွက်သုပ်လေးသုပ်ပြီး ဝယ်လာတဲ့ဟင်းတွေနဲ့ပဲစားတာ။ချက်စားတယ်ဆိုတာ ထမင်းပဲရှိတယ်။"
"အိမ်ထမင်း၊အိမ်ဟင်းလေး မစားဘူးလား Jun ရဲ့။"
"တစ်ခါတစ်လေ မေမေလာရင်တော့ တစ်လစာထည့်ပေးတတ်တယ်။"
Junလည်းထမင်းစားစားပွဲမှာ ဝင်ထိုင်ရင်း ပြောသည်။ညစာစားကျသောအခါတွင်လည်း Xingက Junကို ဟင်းတွေထပ်ထည့်ပေးသည်။ ထမင်းစားပြီး၍ ဧည့်ခန်း၌ထိုင်ကာ အချိုပွဲစားရင်း TVကြည့်နေစဉ်
"YiXing ပြောစရာရှိလို့"
"ပြောလေ Jun"
"ကျွန်တော်မနက်ဖြန် ကျောင်းကိုပြန်သွားရမယ်။အဲ့တာ ကျောင်းကအပြန်Yixingအိမ်ကို မလာတော့ဘူး။"
"ဘာလို့လဲJun"
"ကျွန်တော့်အိမ်ခဏပြန်ဦးမယ်။စာအုပ်စာတမ်းတွေရော၊ အဝတ်အစားတွေရောပြန်ယူသွားမယ်။mochiလေးကို lu ge ထိန်းလိမ့်မယ်။ကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ လုပ်စရာများလာပြီ။အလုပ်ရှုပ်နေတော့ အသွားအပြန်အချိန် မကုန်စေချင်ဘူး။ကျောင်းနားကအိမ်မှာပဲ နေလိုက်မယ်။၁လပါပဲ "
YOU ARE READING
အသက်ထက်ပို၍ချစ်ရပါသော
Fanfiction"မင်း အတွက်ဆို အရာအားလုံးကို ပေးဆပ်နိုင်ပါတယ် ။ အကယ်၍ ငါ့အသက်ဝိဉာဥ်ကိုပါ လိုအပ်ရင်တောင် တုံ့ဆိုင်းမှုမရှိ ပေးဆပ်နိုင်ပါတယ်။ ငါ့အတွက်အချစ်ဆိုတာ ရယူခြင်း၊ ပေးဆပ်ခြင်း ဆိုတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး မင်းအတွက်ဆိုတဲ့ ခေါင်းစဥ်အောက်မှာပဲ ရှိနေတယ်ဆ...