Chapter 7 (Unicode)

42 6 0
                                    

အပေါ်ထပ်က Junအခန်းဆီသို့ နှစ်ယောက်သားတက်လာကြသည်။ အပေါ်ထပ်တွင်အိပ်ခန်းနှစ်ခန်းသာပါပြီး ဧည့်ခန်းကျဉ်းလေးရှိကာ ပန်းအိုးလေးများစီကာထားသော ဝရန်တာလေးရှိသည်။Jun အိပ်ခန်းထဲတွင် အထုပ်များဝင်ထားရင်း အိပ်ခန်းကိုကြည့်မိတော့ အစိမ်းရောင်ကိုအများစုသုံးထားသည့် အပြင်အဆင်နှင့် အထပ်လိုက်စုပုံနေသော စာအုပ်စာတမ်းများ ကိုတွေ့ရသည်။ ဧည့်ခန်းကျဉ်းတွင်တော့ Sofaထိုင်ခုံရှည်တစ်လုံး၊စားပွဲပုလေးနှင့် နံရံကပ်TVလေးတစ်လုံး။ထို့နောက်အောက်ထပ်ကို ပြန်ဆင်းလာကြပြီး ဖျော်ထားသော ကော်ဖီသောက်ကြသည်။မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ထိုင်ရင်း Junမျက်နှာလေးကို Xingစိတ်ကြိုက် ငေးခွင့်ရသည်။အလုပ်ပင်ပန်းနေသောကြောင့် နွမ်းလျနေသောမျက်နှာလေးက တစ်မျိုးဆွဲဆောင်မှုရှိနေပြန်သည်။ကြည့်နေရင်းဖြင့် Jun၏ဖောင်းကားနေသော ပါးမို့မို့နှစ်ဖက်ကိုဖျစ်ညစ်ချင်စိတ်ကတဖွားဖွား။

"YiXingမနက်ဖြန် ဘယ်အချိန်တပ်ထဲသွားရမှာလဲ။"

ကော်ဖီခွက်ကိုစားပွဲပေါ်တင်ကာ Xingကိုကြည့်ရင်းမေးလာသောJunကြောင့် အကြည့်တွေကိုဘရိတ်အုပ်ကာ ပြန်ဖြေလိုက်ရသည်။

"မနက်ဖြန် နေ့လည်လောက်တော့ထင်တာပဲ။ ဘယ်အချိန် လာခေါ်မလဲ မှန်းမရဘူးလေ။သူတို့ခေါ်တဲ့အချိန်သွားရမှာ။"

ထိုစကားကိုပြောလိုက်တော့ Junအတွေးထဲတစ်ခုခုဝင်သွားသလို တွေတွေလေးငေးကြည့်ကာ ပြောလာသည်။

"YiXingတပ်ထဲပြန်မဝင်သေးခင် တစ်ခါလောက် ရုပ်ရှင်ကြည့်ချင်သေးတာ"

XingကJunကို ပါးချိုင့်များပေါ်လာသည့်အထိ ပြုံးပြပြီး

"ခုကြည့်လို့ရတယ်လေ။"

Junကမယုံနိုင်သောမျက်လုံးများဖြင့် ကြည့်ကာ

"Xingအခုပဲ ည၆နာရီရှိနေပြီလေ။လက်မှတ်ဝယ်လို့မရလောက်ဘူး။"

"Sehunnie က ကိုယ့်ကို လတ်မှတ်၂စောင်ပေးထားတယ်။ သူတို့အတွဲ မနေ့က ရုပ်ရှင်ကြည့်ရင်း ကိုယ်တို့ကိုသတိရလို့ ဝယ်လာတာလို့ပြောတယ်။"

"Romanceကားလား YiXing."

"ဟုတ်တယ်Jun. မြန်မြန်လေး ရေချိုးလိုက်တော့၊ ရုပ်ရှင်က ၇နာရီခွဲပြမှာ။"

အသက်ထက်ပို၍ချစ်ရပါ​သောWhere stories live. Discover now