Chapter 2 (Unicode)

70 10 0
                                    

Flash back
လွန်ခဲ့သော၃နှစ်ခန့်▪︎▪︎▪︎

သာယာညိမ့်ညောင်းပြီး ချိုသာသောဂီတသံစဉ်လေးက ခန်းမထဲလွင့်ပျံနေသည်။ မီးရောင်အောက်ခန်းမလယ်တွင် စုံတွဲအချို့က စည်းချက်ညီ ကခုန်နေကြ၏။တစ်ချို့တွေက အသိအကျွမ်းများဖြင့် စကားဖောင်ဖွဲ့လျက်ရှိကြသည်။ ထိုခန်းမ၏ဘယ်ဘက်ထောင့် စားပွဲဝိုင်းတွင် ဝိုင်ကိုဖြေးညှင်းစွာအရသာခံသောက်ရင်း တစ်စုံတစ်ယောက်ကိုရှာနေသော လူတစ်ယောက်။ ပျိုတိုင်းကြိုက်သည့် ရုပ်ရည်ချောဖြင့် ထိုသူသည် တစ်ခါတစ်ရံ သူ့အားလာနှုတ်ဆက်သူများကိုလည်း အပြုံးချိုချိုဖြင့် ပြန်နှုတ်ဆက်လိုက်သေးသည်။ ခန်းမထဲရှိ မိန်းမပျိုအချို့ကလည်း ထိုသူ့ထံ အထာခဏခဏပေးနေကြ၏။ ထိုသူ၏နာမည်က Kim Jun Myeon။သူသည်University မှကျောင်းဆရာတစ်ဦး။ ယခုပွဲသည်လည်း သူစာသင်ပေးခဲ့သောတပည့်မလေး၏ wedding dinner party.ဤpartyပွဲတွင် တက္ကသိုလ်မှလူတွေနှင့် တောင်ကိုရီးယားလေတပ်ဘက်မှလူတွေကိုတွေ့ရသည်။အဘယ်ကြောင့်ဆိုသော် ထိုကလေးမလေးခင်ပွန်းသည် လေတပ်ဘက်မှအရာရှိတစ်ဦးဖြစ်သောကြောင့်ပင်။Kim Junတစ်ယောက်စောင့်နေသည်မှာ Lu Geကိုဖြစ်သည်။ Lu Geဆိုသည်မှာ အမည်ရင်းက Lu Han, ငယ်စဥ်ကတည်းက Jun Myeon နှင့် ဆော့ဖော်ဆော့ဖက် သူငယ်ချင်း။ အခုပွဲကို သူလာသည်မှာလည်း သူက သတို့သမီးမိသားစု၏ ကိုယ်ပိုင်ဆရာဝန်ဖြစ်နေသောကြောင့်ပင်။ Lu Ge က လူမှု့ဆက်ဆံရေးကောင်းသောကြောင့် အသိအကျွမ်းများလှသည်။ အခုလည်း အတူလာပြီးမှ ဘယ်ရောက်သွားမှန်းမသိ။ ထိုအချိန်တွင်

"Jun Myeon Hyung"

ခေါ်သံကြားသဖြင့် လှည့်ကြည့်သောအခါ မိမိ၏ညီအရင်းသဖွယ် ချစ်ခင်ရသောLu Geရည်းစား Oh Sehunကိုတွေ့ရသည်။ Sehunnie က Jun Myeon ညီဝမ်းကွဲ။ Sehunnie တက္ကသိုလ်ဝင်ခွင့်ဖြေဖို့ပြင်တဲ့အချိန်တုန်းက အဒေါ်အကူအညီတောင်း၍ သူနဲ့ Lu Ge Guide ပြဖူးသည်။ ထိုအချိန်ကတည်းက Sehunnie နဲ့ Lu Ge စတွဲလာတာပင်။ သူတို့နှစ်ယောက်ချစ်သူဖြစ်ကြောင်း အိမ်ကစသိချိန် အဆူခံရသည်က သူတို့တော့မဟုတ်၊ Kim Jun Myeon လေးပင်ဖြစ်သည်။ အကြောင်းရင်းမှာ သူတို့နှစ်ယောက်ကို စာပေးစာယူဖြင့် အောင်သွယ်ပေးသောကြောင့်။ အခုတော့ နှစ်ဖက်မိဘတွေလည်း အဆင်ပြေကာ သူတို့ကိုလည်း ခွင့်ပြုပေးထားသည်။

အသက်ထက်ပို၍ချစ်ရပါ​သောWhere stories live. Discover now