>>>>
"ယွန်းဂီ ... ကျနော်တို့ လမ်းခွဲကြရအောင် "
သူ့ရဲ့ အလုပ်တာဝန်တွေ ကို လတ်စသတ်ပြီးမှ
ကျနော့်အတွက် နာရီဝက်လောက်သာ အချိန်ပေးတတ်တဲ့ လူကြီးဟာ ဒီနေ့လည်း ကျနော့်ရင်ခွင်ထဲမှာ မှီတွယ်နေပြန်တယ်အမှတ်မထင် ထပြောလိုက်တဲ့ စကားကို လစ်လျူရှု့ ရင်း
Netflix ကိုသာ စိတ်ဝင်တစား ကြည့်နေပြန်တယ်"ယွန်းဂီ... "
"ယွန်းဂီ.... ကျနော်ပြောတာကိုရော
ကြားရဲ့လား "သုံးခါမြောက်ခေါ်တော့မှ ပြန်လည်မော့ကြည့်လာတယ်
" ဘေဘီ ဘာပြောစရာရှိလို့လည်း "
ကျနော့်ကို Netflix လောက်တောင် စိတ်မဝင်စားပဲ
ပေါင်ပေါ်ကို ခေါင်းအုံးရင်း အေးရာအေးကြောင်းသာ စကားပြောနေတဲ့ ယွန်းဂီကို တွန်းဖယ်ပစ်လိုက်မိတယ်"ကျနော်တို့ ဒီနေရာမှာပဲ ရပ်သင့်ပြီ "
အံ့ သြ သွားခြင်း မရှိပဲ အလိုမကျတဲ့ မျက်နှာထားနဲ့ ယွန်းဂီ
ဒီလိုအခြေအနေမျိုးကို တကယ် စိတ်ကုန်နေပြီမို့ ထပ်မံပြီး
အရဲစွန့်ကာ ပြောမိပြန်သည်"လမ်းခွဲကြရအောင် ... ယွန်းဂီ "
"ဘေဘီရာ ဘာဖြစ်ပြန်ပြီလဲ "
ဘာမှမသိလိုနဲ့ အပြစ်ကင်းတဲ့ ပုံစံမျိုးကို တကယ်ပဲ
စိတ်ပျက်မိပါသည်"ကျနော်ဒီလို အခြေအနေကို တအားစိတ်ကုန်နေပြီ
အဲ့တာကိုရော သိရဲ့လား
ခင်ဗျား ကအမြဲလိုလို studio ခန်းထဲမှာ
အလုပ်..... အလုပ်နဲ့
ကျနော့်အတွက် အချိန်နည်းနည်းလေးတောင်
မပေးနိုင်ဘူးလား
ကျနော်ကရော..... ကျနော်က ခင်ဗျားအတွက် ဘာလဲ ""ဘေဘီ... ဒီကိစ္စနဲ့ ပတ်သက်ပြီး
မင်းကို ခနခနရှင်းပြပြီးပြီပဲ
ကိုယ့်ကို အချိန်ခဏ ပဲ စောင့်ပေးပါ "" အချိန်...? စောင့်ရမယ်.. ?
ကျနော်ဘယ်လောက်ထိ စောင့်ရဦးမှာလဲ
နှစ်နှစ်ဆိုတဲ့အချိန်က ယွန်းဂီအတွက်
တကယ် မလုံလောက်ဘူးလား
ကျနော့်အတွက်ကတော့ တကယ်စိတ်ပျက်စရာပဲ
အမြဲလိုလို အလုပ်ရှုပ်နေတဲ့ သူကို
ချစ်သူအဖြစ်ရထားလို့လေ
နောက်ဆုံးတစ်ခါထပ်မေးမယ်
ကျနော်လား... ခင်ဗျားရဲ့ အလုပ်တွေလား "
YOU ARE READING
YoonMin [ Short Stories - 2 ]
FanfictionYoonnie + Minnie = Wonderland BOOk 2 ✔ ▪MEOW