Partner of FATE - 1

2.2K 198 17
                                    

Busan မြို့ ရှိ Geumjeongsan တောင် သို့
အထက်တန်းလွှာမှ ဆင်းသက်လာသည့် Park မိသားစု အပန်းဖြေ ခရီး ထွက်လာခဲ့ကြသည်

အထက်တန်းလွှာ ပီပီ စိတ်ပျော်ရွှင်ဖို့ အတွက် အမဲလိုက်ခြင်းကြောင့် သားရဲပေါကြွယ်သည့် ဤတောင်ကို ရွေးချယ်ခြင်းလည်း ဖြစ်သည်

သစ်လုံးအိမ်လေးအတွင်း မိသားစု သုံးယောက် ခေတ္တခဏမျှ အနားယူပြီးတာနဲ့ Mr. Park ဟာ အမဲလိုက်ခြင်းကို ပြုလုပ်ရန် ဟန်ပြင်နေလေပြီ

ခြောက်နှစ်မျှသာ ရှိသေးမည့် park မျိုးနွယ် ၏ သားငယ်လေးတစ်ဦးလည်း အမေဖြစ်သူ၏ အင်္ကျီ စ ဆွဲကာ တဂျီဂျီ

ဖခင်ဖြစ်သူ က သေနတ်ကို စလွယ်သိုင်းကာ ရှေ့မှ ခပ်သွက်သွက်လျှောက်လာသည်
ထိုကလေးလေးကတော့ ကျောပိုးအိတ်သေးသေးလေးတစ်လုံးလွယ်ကာ လေးလံသော ခြေလှမ်းများဖြင့် တဖြည်းဖြည်းချင်းလိုက်လာလေသည်

ကြည့်ရတာ ကောင်ငယ်လေးက ဒါမျိုးကို စိတ်ဝင်စား၍မဟုတ်ပဲ ဖခင်၏ အမိန့်ကို မလွန်ဆန်နိုင်၍သာ ဖြစ်မည်

အချိန်တစ်ခုလင့်ပြီးတဲ့အခါ ဒိုင်းခနဲ အသံကျယ်ကြီးနှင့်အတူ
သတ္တဝါတစ်ကောင်၏ နာနာကျင်ကျင် အော်ညီးသံဟာ
ဟိန်းထွက်လာခဲ့တော့သည်

ဖခင်ဖြစ်သူ၏ နောက်မှနေ၍ နားနှစ်ဖက်အုပ်ကာ မြေကြီးပေါ် ထိုင်ချပစ်လိုက်တဲ့ ကလေးငယ်ဟာ သနားစရာ

Mr. Park ဟာ ပုံစံပျက်ယွင်းသွားတဲ့ ကလေးငယ်ကို တစ်ချက်လှည့်ကြည့်ရင်း

" Park Jimin
အဲ့ကောင် သေလား မသေလား သွားစစ်ဆေးခဲ့ "

"....ဗျာ.....
သားကြောက်တယ် "

"ဘာကို ကြောက်တာလည်း
မင်းယောက်ျား မဟုတ်ဘူးလား "

ထိုအချိန် စောစောက သေနတ်ထိမှန်ထားသည့် သတ္တဝါကလည်း စူးစူးရှရှအော်ညီးနေစဲ
Mr. Park ဟာ ဓားမြှောင်တစ်ချောင်းထုတ်ပေးရင်း

" ရော့... မသေသေးရင် လတ်စသတ်ခဲ့ "

ကြောက်ရွံ့ စိတ်ကြောင့် ကျလုစဲစဲမျက်ရည်အချို့ကို ထိန်းလိုက်ကာ တုန်ရီနေတဲ့ လက်အစုံဖြင့် ဓားကို ကိုင်ဆွဲပြီး ထွက်လာလိုက်သည်
ဒါက ခြောက်နှစ်အရွယ် ကလေးအတွက်ကတော့ ကြီးမားတဲ့ ဖိအားတစ်ခုပင်

YoonMin [ Short Stories - 2 ]Where stories live. Discover now