Naughty Jiminnie !

780 95 15
                                    

Jiminnie က အဆိုးလေး.... !!

ကျနော် မျက်လုံးချင်းဆုံမကြည့်နိုင်တာကို သိသိကြီးနဲ့
မျက်နှာကြီး ထိုးပေးတတ်တယ်

Jiminnie က ဆိုးတယ်

တစ်စုံတစ်ယောက်နဲ့မှ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီး မနေတတ်တဲ့ အကျင့်ကို အနားမှာ ရှိတိုင်း ပွတ်သီး ပွတ်သပ်လုပ်ရင်း  ရိုက်ချိုးခဲ့တဲ့ ဒီအသေးလေး

Jiminnie က ဆိုးတယ်

Accident အကြောင်းလိမ်ပြောမိတော့ မျက်နှာပျက်ကာ
အလွယ်တကူပဲ စိတ်ဆိုးသွားတဲ့ ဒီ အသေးလေး

Jiminnie က ဆိုးတယ်

Operation က ထွက်ထွက်ချင်း နေကောင်းရဲ့လားလို့ ဖုန်းဆက်မေးတဲ့ ဒီ အသေးလေး

Jiminnie က ဆိုးတယ်

သူကိုင်တိုင် ကားမောင်းပြီး
Slow Down နေရာ ရောက်တဲ့အခါ ကျနော့် ရင်ဘတ်ရှေ့ လက်လေးနဲ့ ကာပြီး အဆင်ပြေရဲ့လား မေးတဲ့ ဒီအသေးလေး

Jiminnie က ဆိုးတယ်

ကျန်းမာရေး အခြေအနေအရ မလိုက်ဖြစ်တဲ့ ခရီးတစ်ချို့မှာလည်း 'suga hyg ကို လွမ်းလိုက်တာ'လို့
အော်နေတတ်တဲ့ ဒီအသေးလေး

Jiminnie က ဆိုးတယ်

ဝမ်းသာစရာ ကိစ္စရှိတိုင်း အရင်ဆုံးဖုန်းဆက်ပြောကာ
မျက်နှာချင်းဆိုင်တွေ့ချိန်မှာတော့
မျက်ရည်လေးတဝဲဝဲနဲ့ စကားပြောတတ်တဲ့ ဒီအသေးလေး

Jiminnie က ဆိုးတယ်

စကားပြောရင်ပဲ ဖြစ်ဖြစ် သီချင်းတွေကိုပဲ ဖြစ်ဖြစ်
နည်းနည်းလေး မျက်နှာပြောင်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့
ဒီအသေးလေး

Jiminnie က ဆိုးတယ်

အသက် 3 နှစ်လောက်ပိုကြီးတဲ့ ကျနော့်ကို
အင်္ကျီ ကော်လံစ က ကိုင်ကာ ရဲရဲတင်းတင်း ပြုမူရဲတဲ့ 
ဒီအသေးလေး

Jiminnie က ဆိုးတယ်

ကျနော် မြတ်နိုးတန်ဖိုးထားရတဲ့ ဆုတံဆိပ်လေးတွေရတိုင်း
သူ့ဆီကို ကမ်းပေးချင်လောက်တဲ့အထိ
ဒီကောင်လေးက နှစ်လိုဖွယ်ကောင်းလွန်းနေတာကြောင့်

Jiminnie က ဆိုးတယ်

သူ့ တစ်ကိုယ်လုံးမှာ suga hyg ကို ချစ်တယ် ဆိုပြီး
စာတွေကပ် ခဲ့တဲ့ ဒီအသေးလေး

YoonMin [ Short Stories - 2 ]Where stories live. Discover now