Our Story

687 93 19
                                    

ကျနော်က 25 နှစ် မကြာခင်မှာ ခင်ဗျားက 28 နှစ်ပြည့်တော့မယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကျနော်က 25 နှစ်
မကြာခင်မှာ ခင်ဗျားက 28 နှစ်ပြည့်တော့မယ်

ရှေ့ဆက်ပြီး
ဘာတွေဖြစ်လာဦးမှာလည်းဆိုတာ
ဘယ်သူ့မှ ခန့်မှန်းလို့မရနိုင်ပြန်ဘူး

2021.... 2022...2023

သွေးကြောစိမ်းစိမ်းလေးတွေနဲ့ ခင်ဗျားရဲ့ လက်သွယ်သွယ် လေးကို
လူဘုံအလယ်မှာ ထပ်ပြီး တွဲချိတ်ထားခွင့်ရှိပါ့ဦးမလား

အနေတည်တာမို့ ဘယ်သူကမှ မစ မနောက်ရဲတဲ့ ခင်ဗျားကို
မင်ယွန်းဂီ က အရူးပါလို့ အသံပိစိလေးနဲ့
စ ချင်တိုင်း စ လို့ ရနိုင်ပါ့ဦးမလား

ချစ်တယ် ဆိုပြီး မဆိုင်းမတွ ထပြောလိုက်တဲ့ ခင်ဗျားကြောင့်
ဘေးနားမှာ ထိုင်နေတဲ့ အကိုတွေ ညီတွေရဲ့
အားပေးအားမြှောက်စကားသံတွေက
ကျနော့်အတွက် ဖြစ်နိုင်ဦးပါ့မလား

ဖုန်းဆက်ပြီး မေးလာတဲ့အခါ
အရင်လို ခင်ဗျားနှလုံးသားထဲမှာပါလို့ ဖြေလို့ရပါ့ဦးမလား

တစ်နေ့နေ့တစ်ချိန်ချိန် ခင်ဗျားဘေးမှာ
ကျနော်မဟုတ်တဲ့ တစ်ခြားတစ်ယောက်

ကျနော်ထက်ပိုပြီး ခင်ဗျားကို ပြုံးရီလာအောင် လုပ်ပေးနိုင်မယ့်
ခပ်ချောချော မိန်းကလေးတစ်ယောက် ရောက်ရှိလာတဲ့အခါ
ဒီအခြေအနေတွေ အားလုံးကို ကျနော်က တဖြည်းဖြည်းချင်း
လက်လွှတ်ဆုံးရှုံးခံလိုက်ရတော့မယ်

ပန်းစည်းလေးတွေရလာတိုင်း
ကျနော့်ဆီကို အမြတ်တနိုးကမ်းလာပေးတဲ့
ခင်ဗျားရဲ့ လက်တစ်စုံအပါအဝင် အရာအားလုံးကလည်း
ကျနော်အတွက် တစ်သက်လုံး ပြန်မရနိုင်တော့မည့် အမှောင်ထုထဲကို ပျောက်ကွယ်သွားခဲ့မယ်

အနောက်တိုင်း ဝတ်စုံ​လေးနဲ့ ခင်ဗျားရယ်
ခင်ဗျားသတို့သမီးလောင်းရယ်က Center မှာ
လိုက်ဖက်ညီစွာ ထိုင်နေလိမ့်မယ်

YoonMin [ Short Stories - 2 ]Where stories live. Discover now