Chapter (6.1)

4.5K 1K 20
                                    

Zawgyi

36.

ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်အများစုက သူတို့ရဲ့ကိုယ်ပိုအရည်အချင်းတွေနဲ့ ပြည့်ဝနေတဲ့သူတွေပဲ ။ ဒီတော့ ငါတို့တွေ သီချင်းစပြီးမဆိုခင်မှာ ကိုယ်ပိုင်မိတ်ဆက်တဲ့စကားတွေနဲ့အတူ လေထုက ပျော်ရွှင်မြူးတူးမှုတွေနဲ့ပြည့်ဝနေခဲ့တယ်။ လူတိုင်းက သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုထုတ်ဖော်ပြောကြားခဲ့တယ်။  အခြေခံကျကျပြောရရင် သူတို့တွေအကုန်လုံးက ရုံးဝန်ထမ်းတွေဖြစ်ပြီး အားကစားတွေ ၊ ဂီတပိုင်းတွေ၊ အချက်အပြုတ်၊ ရုပ်ရှင်ကားတွေနှင့် ဓာတ်ပုံပညာရပ်တွေနောက်ကို လိုက်နိုင်ခြင်းမရှိဘူး ။ သူတို့က ကြီးကျယ်ခမ်းနားတဲ့အရာတွေမရှိဘဲ သာမန်ရိုးရှင်းတဲ့အတွေးအခေါ်တွေပဲရှိကြတာဖြစ်တယ်။

Wang Dequan ရဲ့အလှည့်ကိုရောက်တော့ ငါ သူ့ကိုတိုက်တွန်းခဲ့တဲ့အတိုင်း Wang Linyunဆိုပြီး မိတ်ဆက်လာခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့အလုပ်အကိုင်ကို ထုတ်ဖော်ပြောလိုက်တဲ့အချိန်မှာ လေထုက အနည်းငယ်လောက် ကိုးရိုးကားယားနိုင်စွာနဲ့ တိတ်ဆိတ်သွားခဲ့တယ်။

ငါ့ရဲ့နှလုံးက ပြင်းပြင်းထန်ထန်ခုန်နေခဲ့ပြီ။

အဲလိုဖြစ်သွားရတဲ့အကြောင်းရင်းကတော့ ဒီလိုတွေကြောင့်ပါ ။ ငါတို့ရဲ့အက်ဒီတာဌာန ၊ လူရိုးလေးတွေအုပ်စုက တရုတ်ရိုးရာဆေးဝါးပညာထဲကို ပိုပြီး ထဲထဲဝင်ဝင်လေ့လာခဲ့ကြတယ်လေ ။ ဒါပေမယ့် ဖက်ရှင်ဌာနမှာရှိတဲ့ အက်ဒီတာတွေရဲ့ မူဝါဒတွေက အခြေခံအားဖြင့် 'ဘဝရဲ့အနှစ်သာရကို ပိုပြီးအလေးထားမယ်၊ နာမည်ကြီးတံဆိပ်ထုပ်ကုန်တွေနောက်ကို လိုက်မယ် ၊ LGBT ကိုထောက်ပံ့မယ်၊ ကိုယ်နဲ့သင့်တော်တဲ့နေရာကိုရှာဖွေမယ် ၊ သိပ္ပံသီအိုရီတွေကိုထောက်ခံမယ် ၊ ယုံကြည်ကိုးကွယ်မှုတွေကို အယုံအကြည်မရှိဘူး ၊ နောက်ပြီးတော့ တရုတ်ရိုးရာဆေးဝါးတွေကို တိုက်ဖျက်မယ် ' စတဲ့အချက်တွေပဲ။

သူတို့တွေက အကုန်လုံးကမှားယွင်းနေကြတယ်လို့တော့ ငါမပြောချင်ပါဘူး ။ အဲဒီထဲကလူတွေအကုန်လုံးက အဲလိုပုံစံတွေတော့မဟုတ်ကြဘူးလေ ။ သူတို့ကိုကြည့်မယ်ဆိုရင် ဥပမာ အခန်းထဲမှာ လူဆယ်ယောက်ရှိမယ် ဆိုပါစို့။ အဲဒီထဲက ကိုးယောက်က ကြည့်ကောင်းပြီး လမ်းများများလျှောက်တတ်၊ ခရီးတွေထွက်တတ်တဲ့သူမျိုးဖြစ်ပေမယ့် ရှစ်ယောက်လောက်က ရုံးခန်းထဲမှအပြင်ကိုထွက်တာမျိုး မရှိတာကြောင့် သူတို့ရဲ့မျက်နှာကို မြင်တွေ့ရခဲတယ်။

တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲWhere stories live. Discover now