Zawgyi
70.
ဒါပေမယ့် ပြောရရင် ငါက အချစ်အတွက်နဲ့ လျှပ်စစ်ဗို့အားတွေထုတ်လွှတ်တတ်တဲ့သူမျိုးပဲ * ။ ဒီတော့ ငါအကုန်လုံးကိုလက်ခံနိုင်ပါတယ်။
(E trans note - * ပြထားတာက အချစ်နဲ့ပတ်သက်ရင် ကိုယ့်အတွက်ဘာမှပြန်မရရင်တောင် လုပ်ပေးချင်တဲ့သူမျိုးပါတဲ့ )သူနဲ့အတူမနေခင်တုန်းက ငါတကယ်မထင်ထားခဲ့တာက စိတ်လှုပ်ရှားစရာအချိန်မျိုးက ဘယ်တော့မှရှိလာမှမဟုတ်ဘူးဆိုတာကိုပဲ။ ငါတို့ရဲ့အသက်က ဆယ်စုနှစ်အနည်းငယ်လောက်ပဲရှိသေးပေမယ့် ချက်ချင်းပဲ လိုအင်တောင့်တမှုတွေမရှိတော့တဲ့ အဖိုးကြီးစုံတွဲတွေဖြစ်သွားရသလိုမျိုးပဲ။
သေချာပေါက် ဒီထဲမှာ ငါ့ရဲ့အမှားတစ်ဝက်လောက်ပါတာပေါ့။ ငါအချိန်တွေကိုနောက်ပြန်ဆုတ်ပြန်ဆုတ်လိုက်ချင်တယ် ။ ငါဘာလို့ သူ့ကိုငါ့မှာလိင်ပိုင်းဆိုင်ရာဆန္ဒတွေကင်းမဲ့နေတယ်လို့ပြောခဲ့ရတာလဲ ?
အဲလိုသာမပြောခဲ့ဘူးဆိုရင် အခုချိန်မှာ ငါတို့တွေကလေးတောင်ရနေလောက်ပြီ ။ (မဖြစ်နိုင်ဘူးဆိုပေမယ့်ပေါ့)
အရင်ကပြောခဲ့သလိုပဲ ။ ငါ့မှာ ပုံမှန်အမျိုးသားတွေလိုမျိုး စိတ်ဆန္ဒတွေရှိတယ်လေ။ sex လုပ်ချင်စိတ်ပဲမရှိခဲ့တာ။ ဒါက စိတ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုကြောင့်ပဲ။
အခုချိန်မှာတော့ ... အဲဒီစိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကို ငရဲကိုပို့ပေးလိုက်ပြီ။ ငါ Wang Dequanရဲ့အိပ်ယာပေါ်ကိုတက်ပြီး သူနဲ့ပဲအိပ်ချင်တော့တယ်။
71.
ငါအလျှင်လိုတာမဟုတ်ပါဘူး။ နည်းနည်းလောက် စိတ်မသက်မသာဖြစ်နေရုံပဲ။
ရှေးခေတ်ကတည်းက အချစ်နဲ့ လိုအင်တောင့်တမှုတွေဆိုတာမျိုးက လက်ချောင်းတွေကို ထိကိုင်တာကပဲ စတင်ကြတာလေ။ ဒါပေမယ့် Wang Dequan ကရော ငါ့အပေါ်မှာ လိုချင်တောင့်တမှုတွေရှိပါ့မလားဆိုတာ ငါမသိနိုင်ဘူး။
သူက ငါ့မှာချီချို့တဲ့မှုတွေရှိတယ်လို့အမြဲပြောတတ်ပြီး ရက်တော်တော်များများမှာ အပ်စိုက်ကုသမှုတွေလုပ်ပေးတတ်တယ်။ မင်းတို့တွေသိတဲ့အတိုင်းပဲ .. အပ်စိုက်ကုသမှုက .. ငါ့ရဲ့ လက်မောင်းတွေ ၊ ခြေထောက်တွေ၊ ရင်ဘတ်နဲ့နောက်ကျောတွေကိုပါ လှစ်ဟထားရတာလေ။
YOU ARE READING
တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲ
RomanceAuthor(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါလေးကပေါ့ပေါ့ပါးပါးလေးနဲ့ အခွီလေးတွေပါပြီး ချစ်ဖို့ကောင်းတဲ့ story လေးပါ E -translator ဆီကလည်းခွင့်ပြုချက်ရထားပြီးပြီဆိုတော့ ကျွန်တော်အတတ်နိုင်ဆုံးကြို...