Chapter (4.3)

4.5K 1.1K 47
                                    

26.

Wang Dequan က ငါ့ရဲ့သွေးကြောနဲ့လျှာတို့ကို စစ်ဆေး စမ်းသပ်ကြည့်တယ် ။နောက်ထပ် အမျိုးမျိုးသောစမ်းသပ်နည်းတွေကိုရောပဲ။

သူက ကြီးမားတဲ့ပြစ်ချက်တွေကိုတော့ရှာမတွေ့ခဲ့ဘူး ။ ခုခေတ်လူတော်တော်များများမှာဖြစ်တတ်တဲ့ ချီစွမ်းအင်ချို့တဲ့မှုကိုပဲငါ့ဆီမှာရှာတွေ့ခဲ့တယ် ။ အချိန်တော်တော်ကြာအောင် အိပ်ချိန်မမှန်တာကနေဖြစ်ပေါ်တတ်တဲ့ ရောဂါမျိုးပေါ့။

အဲဒီနောက် သူက ငါ့ရဲ့အခြေအနေနဲ့ပတ်သက်တဲ့ တိတိကျကျ ရောဂါလက္ခဏာတွေကိုမေးမြန်းခဲ့တယ် ။ ငါ အဲဒီအကြောင်းကို ပြန်လည်ပြောပြတဲ့အချိန်မှာ အတိတ်မှာဖြစ်ခဲ့တဲ့ မနှစ်မြို့စရာအတွေ့အကြုံတွေကို ခံစားနေရတုန်းပဲ ။

သူ့ရဲ့လေသံက အရမ်းကိုနူးညံ့ညင်သာပြီးတော့ ငါ့ရဲ့နားစည်ထဲကို နက်နက်ရှိုင်းရှိုင်းနဲ့တိုးဝင်သွားတယ် ။ ငါ မတတ်နိုင်ပေမယ့်လည်း " ငါအဲဒီလူကို ငါ့ရဲ့နှလုံးသားထဲမှာရှိနေတဲ့ဝန်ထုပ်ဝန်ပိုးတွေတွေအကြောင်းကိုပြောရတာ " အရမ်းကိုနွေးထွေးလုံခြုံသလိုမျိုးခံစားနေရတယ် ။

ငါ သူ့ကို ငါ့ရဲ့နှလုံးသားထဲမှာပိတ်မိနေတဲ့ ကလေးဘဝတုန်းက မရှင်းလင်းမပြတ်သားတော့တဲ့ မှတ်ဥာဏ်တွေအကြောင်းကို ပြောပြခဲ့တယ်။ အဲဒီကိစ္စကြောင့် ပိုပြီးစိတ်နှလုံးကိုလေးလံစေခဲ့တာကတော့ ငါ့မိဘတွေရဲ့ သတိအနေအထားနဲ့ နှစ်တွေအကြာကြီး ငါ့ကို ပုံမှန်အခြေအနေမဟုတ်ဘဲ အလိုလိုက်ထားရာမှ ရရှိလာတဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကြောင့်ပဲဖြစ်တယ်။

ငါက ဆရာဝန်တစ်ယောက်နဲ့ဆွေးနွေးနေတယ်ဆိုတဲ့အချက်ကိုမေ့သွားခဲ့ပြီး အရာရာတိုင်းကို တဖြည်းဖြည်းချင်းပြောထွက်လာခဲ့တယ်။ ငါ့ရဲ့ relationship အကြောင်း ၊ ငါရဲ့ရန်ပွဲအကြောင်းနဲ့ နောက်ဆုံးမှာလမ်းခွဲလိုက်တဲ့အကြောင်းတွေ ။ ငါ့ရဲ့မနှစ်မြို့စိတ်တွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုတွေကြောင့် လက်ရှိ ဂေးအသိုင်းအဝိုင်းထဲမှာလည်း အဆင်ပြေစွာနေနိုင်ခြင်းမရှိတာတွေကိုရောပေါ့ ။ ငါသူ့ကိုအသက်တစ်ရှူရှိုက်စာအချိန်လေးမှာပဲ အကုန်ပြောပြခဲ့တယ်။

တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲWhere stories live. Discover now