Zawgyi
27.
ပျော်ရွှင်မှုကြာင့် ငါ့ကိုယ်ငါလေထဲမှာမျောလွင့်နေသလိုခံစားနေရပြီး ငါ့မိဘတွေရဲ့အိမ်ကိုပြန်ရောက်တာနဲ့ ငါ့မှာချစ်သူရှိနေပြီဖြစ်ကြောင်း တရားဝင်ကြော်ငြာလိုက်တယ်။
ငါ့ရဲ့မိဘတွေက အနားကိုချက်ချက်းစုရုံးလာကြပြီး ငါ့အဖေက ဦးအောင်မေးလာခဲ့တယ်။
"သူ့ရဲ့မျိုးရိုးနာမည်ကဘာတဲ့လဲ သူ့နာမည်ကရော နောက်ပြီး ဘာအလုပ်လုပ်တဲ့သူလဲ ?"
ငါ့အမေက ငါ့အတွက် blind dateတွေစီစဉ်ပေးနေတာကို ငါ့အဖေသိနေပေမယ့်လည်း သူကိုယ်တိုင်ပါဝင်လှုပ်ရှားခြင်းမရှိတာကြောင့် တိကျတဲ့အချက်အလက်တွေကိုတော့ သိမနေခဲ့ဘူး ။
ဒါကြောင့် အခုချိန်မှာတော့အလွန်အမင်းအံ့သြသင့်စွာနဲ့ မေးလာခဲ့တယ်
"Wang Dequan ဟုတ်လား? "သူက ငါ့ရဲ့အမေဘက်သို့လှည့်လိုက်ပြီး သံသယဖြစ်စွာနဲ့မေးလိုက်တယ်
" မင်း ငါတို့သားအတွက် ငါ့အရွယ်လောက်ရှိတဲ့လူကိုရှာပေးခဲ့တာတော့မဟုတ်ပါဘူးနော် ""ဟမ့် " ငါ့အမေက ချက်ချင်းပဲပြန်လည်ချေပပြောလိုက်တယ်။
" Xiao Wang (ရှောင်ဝမ်)က ငယ်တယ် ၊အရည်အချင်းတွေကိုလည်း ထင်ထင်ရှားရှားထုတ်ပြနိုင်တယ် ၊ အိမ်နဲ့ကားလည်းရှိတယ် ၊ အသက်ကြီးတဲ့သူတွေကိုရိုသေရမှန်းသိပြီးတော့ ကလေးတွေကိုလည်းချစ်တတ်သေးတယ် ၊ ဘယ်လောက်တောင်ကောင်းတဲ့ ချစ်သူကောင်လေးမျိုးလဲ ! ကျွန်မတို့သားမှာဆုံးရှုံးစရာရှိလို့လား !အဲဒါ ငါ့အမေပဲ ..
ငါအမေက သူ့ပြောလိုက်တဲ့စကားတွေထဲမှာ လိုအပ်ချက်တွေရှိနေတာကိုနားလည်သွားပုံနဲ့ ထပ်ပေါင်းပြီးပြောလိုက်တယ်။
"ဒါပေါ့ အကုန်လုံးပြီးပြည့်စုံနေတဲ့သူတော့ ဘယ်ရှိပါ့မလဲ ရှောင်ဝမ်မှာလဲလိုအပ်ချက်တွေရှိတာပေါ့ သူကငယ်ပေမယ့် အရွယ်နဲ့တောင်သိပ်မလိုက်ဘူး ခုလိုခေတ်မျိုးထဲမှာ We Chat တောင်မသုံးတတ်သေးတဲ့လူတွေကျန်သေးလို့လား ? "ငါ ခေါင်းကိုတဆတ်ဆတ်ညိတ်ပြီးထောက်ခံလိုက်တယ်။
"အသက်ကြီးနေပြီဖြစ်တဲ့အမျိုးသမီးတွေတောင် Wechat သုံးတတ်တယ်လေ သူက emoji လေးတောင်မပို့တတ်သေးဘူး ကျွန်မပဲ သူ့ကိုသင်ပေးနေရတာ"
ESTÁS LEYENDO
တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲ
RomanceAuthor(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါလေးကပေါ့ပေါ့ပါးပါးလေးနဲ့ အခွီလေးတွေပါပြီး ချစ်ဖို့ကောင်းတဲ့ story လေးပါ E -translator ဆီကလည်းခွင့်ပြုချက်ရထားပြီးပြီဆိုတော့ ကျွန်တော်အတတ်နိုင်ဆုံးကြို...