[Unicode]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၁ဖြူဖွေးစွာကျနေသော နှင်းဖက်လေးတွေကို ဘတ်ဟျွန်း လက်ဖဝါးလေးဖြန့်ကာ ခံယူနေသည်။ ဆံပင်အဖြူရောင် မျက်လုံးအပြာရောင်ရှိပြီး တစ်ကိုယ်လုံးဖြူစွတ်နေကာ နှုတ်ခမ်းလေး နှင့် ပါးလေးတွေကပဲ အအေးဓာတ်ခံရသည့်နှယ် နီရဲနေသည်။
ဘတ်ဟျွန်း ရပ်နေသည်က တောင်စွယ်တစ်ခု၏ထိပ်နားတွင်ဖြစ်ပြီး အောက်ဘက်တွင်တော့ ပြာလဲ့နေသော ပင်လယ်ပြင်ကြီးသာရှိသည်။ မျက်စိတစ်ဆုံး ရေပြင်သာရှိနေပြီး ကောင်းကင်တွင်တော့ နေရောင်မရှိလောက်အောင် နှင်းတွေအဆက်မပြတ်ရွာသွန်းနေသည်။
'ဘတ်ဟျွန်း!!!! မပြန်သေးဘူးလား'
ဘတ်ဟျွန်း ရှေ့တွင် အဖြူရောင်နဂါးတစ်ကောင် လူးလားပျံပြီးနောက် ဘတ်ဟျွန်း ဘေးတွင် ရပ်ပြီးလူပုံစံပြောင်းလိုက်သည်။
ဘတ်ဟျွန်း နဲ့ ချွတ်စွတ်တူသည့် အမွှာအစ်ကို ဘတ်အွန်း သည် ဘတ်ဟျွန်း အား လှပစွာပြုံးပြနေသည်။
'အစ်ကိုတော်ငယ်'
'ငါ့ညီလေး ဝမ်းနည်းနေတာလား။ ဘယ်သူဘာပြောပြန်ပြီလဲ'
ဘတ်ဟျွန်း နှုတ်ခမ်းလှုပ်ရုံလေး ပြုံးကာ ခေါင်းခါပြလိုက်ပြီး
'ဘာမှမပြောပါဘူး'
ဘတ်ဟျွန်း ၏ တုန့်ပြန်စကားကြောင့် ဘတ်အွန်း သက်ပြင်းချလိုက်ပြီး
'ဒါဆို ဘာလို့ ဒီမှာလာနေနေတာလဲ'
'အဲ့ဒါက ဒီတိုင်း.....ပျင်းလို့'
ဘတ်အွန်း ဘတ်ဟျွန်း အားဖက်ထားလိုက်ပြီး
'တောင်းပန်ပါတယ်။ အားလုံးကိုယ်စား'
'အစ်ကိုတော်ငယ့်အမှားမှမရှိတာ။ ဘာလို့တောင်းပန်တာလဲ'
'ငါ့ကြောင့် မင်းကိုမုန်းနေကြတာလေ'
'မဟုတ်ပါဘူး။ ကျွန်တော်ကိုက အမုန်းခံရဖို့မွေးလာလို့နေမှာပေါ့။ အစ်ကိုတော်ကြောင့်မဟုတ်ပါဘူး'
'ဟျွန်းလေး'
ဘတ်အွန်း ဘတ်ဟျွန်း ခေါင်းလေးအားသပ်ပေးပြီး ဂရုဏာသက်စွာကြည့်နေသည်။