25

674 104 24
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၂၅

ဘတ်ဟျွန်း ပစ်လိုက်သောမြှားသည် ဝမ်ယောလ် ကိုမထိခင်မှာပဲ ဓားတစ်ချောင်းက ရိုက်ချလိုက်သည်။

'အရင်လို စိတ်ကြီးတုန်းပဲလား ဟျွန်းငယ်'

'ချန်းယောလ်'

ချန်းယောလ် ၏ နဖူးတွင် အနီရောင်မီးလျှံအမှတ်အသားရှိပြီး အနက်ရောင်ဝတ်စုံကိုဝတ်ထားသည်။

'မတွေ့တာကြာပြီနော် ဟျွန်းငယ်'

ချန်းယောလ် က ဘတ်ဟျွန်း ဆီ တစ်လှမ်းချင်းလျှောက်လာသည်။

'ခန္ဓာကိုယ်ပုံတောင် ပြန်ဖေါ်နိုင်နေပြီပဲ'

'ကိုယ့်ဝိဉာဉ်က သေသွားတာမှမဟုတ်တာ။ အခုထိ ကျိန်စာသင့်နေတုန်းပဲလေ'

'ဟုတ်သားပဲ။ ငါကိုယ်တိုင် ကျိန်စာတိုက်ခဲ့တာလေ။ ဒါပေမဲ့ ဝိဉာဉ်လေးတစ်ခုက ဒီလောက်အထိ အားကောင်းသွားလိမ့်မယ်လို့ မထင်ထားဘူး'

'ထပ်သတ်ချင်လို့လား'

ချန်းယောလ် ၏ မျက်လုံးတွေက ကြေကွဲရိပ်သမ်းနေပေမဲ့ ဘတ်ဟျွန်း သာ သတ်လျှင် သေရဲနေသည်။

'ငါ့စွမ်းအားက မင်းကို မသတ်နိုင်ပါဘူး'

'ကိုယ် ဟျွန်းငယ် အနားမှာပဲအမြဲနေနေမှာပါ'

'မလိုဘူး'

'ကလေးတွေကို ဂရုစိုက်။ ပြီးတော့ ကိုယ့်ကို ပြန်မွေးဖွားနိုင်အောင် လုပ်ပေးလို့ ကျေးဇူးပါ'

ချန်းယောလ် က ပြောပြီး ပျောက်ကွယ်သွားသည်။ သူထပ်နေချင်သေးပေမဲ့ ကလေးတွေက စွမ်းအားအကုန်သုံးပြီး ဘတ်ဟျွန်း ၏စွမ်းအားတွေကို ဖိနှိပ်နေတာကြောင့် သနားပြီး အကြာကြီးထပ်မနေတော့တာဖြစ်သည်။ ကလေးတွေက သူတို့နှစ်ယောက်ကြောင့် အများကြီး ပင်ပန်းနေခဲ့ရပြီ။

ချန်းယောလ် ပျောက်သွားတော့ ဘတ်ဟျွန်း လက်သီးကို တင်းကျပ်နေအောင်ဆုပ်ထားသည်။

'မုန်းလိုက်တာ'

ချန်းယောလ် ကို ဘတ်ဟျွန်း မုန်းသည်။ ချန်းယောလ် ကိုမသတ်နိုင်သည့် သူ့ကိုယ်သူ ပိုမုန်းသည်။ အမုန်းတရားတွေတောက်လောင်လေ သူ့ရဲ့ကံကြမ္မာစွမ်းအားတွေက ပိုထင်ရှားလာလေဖြစ်နေသည်။ ဘတ်ဟျွန်း သူ့လက်က လက်ပတ်ကို ငုံ့ကြည့်လိုက်သည်။ ကလေးတွေပင်ပန်းနေပြီ။ လင်းလက်နေသော လိပ်ပြာငယ်လေးတွေကိုကြည့်နေရင်း အလင်းရောင်မရှိသော လိပ်ပြာငယ်တစ်ကောင်ကြောင့် ဘတ်ဟျွန်း မျက်ရည်ကျမိသည်။ ဘတ်ဟျွန်း ကပဲ စိတ်လျှော့လိုက်ပြီး သူ့စွမ်းအားတွေကို ဖိနှိပ်လိုက်သည်။

ForevermoreWhere stories live. Discover now