11

585 119 28
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၁၁

ဘတ်ဟျွန်း ခန်းမဆီရောက်တော့ ဝူဆော့ က သူယူလာသော ပိုးထည်တွေနဲ့စောင့်နေသည်။

'ကျွန်တော် နဂါးဖြူကိုစောင့်နေတာ'

'ပိတ်စတွေက ရခဲ့ပြီပေါ့။ မြန်လိုက်တာ'

'ချည်ထည်နတ်သမီးက ကျွန်တော်နဲ့ခင်တယ်လေ။ မင်းသားရဲ့မင်္ဂလာပွဲအတွက်မှန်းသိတော့ ချက်ချင်းကို ရက်ပေးလိုက်တာ'

ဘတ်ဟျွန်း နူးအိနေသော ပိုးထည်တွေကို ကိုင်လိုက်ပြီး

'အသားကောင်းလိုက်တာ'

'နောက်တစ်ပတ် ဝတ်စုံပေးရမှာမဟုတ်လား။ မင်းသားရဲ့ ကိုယ်တိုင်း သွားယူပြီး ချုပ်ရအောင်လေ။ ကျွန်တော်ကူပေးမယ်'

'အင်း'

ဘတ်ဟျွန်း ဝမ်ယောလ် ကို တွေ့ရမည်ဆိုသောကြောင့် ပျော်သွားပြီး အရှေ့ကနေ ထွက်သွားသည်။

ဘယ်လောက်ပဲနာကျင်အောင်လုပ်နေပါစေ ချစ်ရသူဖြစ်နေလျှင် အပြစ်မမြင်တတ်တာ ချစ်နေသူတို့ရဲ့ ခံစားချက်ပင်။ မျက်နှာလေးမြင်လိုက်တာနဲ့တင် နာကျင်မှုတွေအကုန် ပျောက်ကင်းသွားစေသည်။ ဒါကို ဘေးလူတွေသိရင်တော့ ရူးနေတယ်လို့ပဲ ထင်နေကြမှာ။

ဘတ်ဟျွန်း လိုအပ်တဲ့ပစ္စည်းတွေယူပြီး ဝူဆော့ နဲ့အတူ ဝမ်ယောလ် နန်းဆောင်ကို ထွက်သွားတော့သည်။

~~~~~~

ဝမ်ယောလ် ဘတ်အွန်း နေဖို့အတွက် ကြင်ယာတော်နန်းဆောင်ကို အသေးစိတ်ပြင်ဆင်ပေးနေသည်။

အဖြူရောင်နန်းဆောင်က ငွေမှုန်တွေကြဲထားသောကြောင့် တစ်လက်လက်တောက်ကာ မျက်စိကျိန်းလောက်အောင် လှပနေသည်။

အခန်းတွင်းတွင်လည်း အဖြူရောင်စားပွဲနှင့် ခုံများ။ အဖြူရောင် အိပ်ယာခင်းတွေနဲ့ အသုံးအဆောင်ဗီရိုတွေကအစ အဖြူရောင်တွေသာလွှ
မ်းမိုးနေသည်။

'အွန်းလေး က စာဖတ်ရတာကြိုက်တယ်။ စာကြည့်တိုက်သွားပြီး အွန်းလေး ဖတ်တတ်တဲ့စာအုပ်တွေ လာထားပေးလိုက်။ ပြီးတော့ သူဖတ်ပြီးတဲ့စာအုပ်တွေကိုလည်း လဲပေးဖို့မမေ့နဲ့။ အွန်းလေး ကအလုပ်များတယ်။ ကောင်းကင်ဘုံစာကြည့်တိုက်ကို ခဏခဏသွားနိုင်မှာမဟုတ်ဘူး'

ForevermoreWhere stories live. Discover now