[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၂၈မနေ့ကအထိ ခမ်းနားဝင့်ကြွားစွာတည်ရှိနေသော ဘတ်အွန်း နတ်သား၏ ရုပ်ထုသည် အအေးဓာတ်နှင့် ရေခဲဆူးချွန်တွေကြောင့် ပြန်ဆက်မရအောင်ကွဲကြေသွားခဲ့သည်။
ဝမ်ယောလ် အဖြူရောင်ကျောက်အပိုင်းအစတွေကိုကြည့်ပြီး လက်သီးဆုပ်ထားကာ ဒေါသတွေကိုမြိုချနေရသည်။
'မင်းသား.....ကျွန်တော် တောင်းပန်ပါတယ်'
ဝမ်ယောလ် ဘတ်ဟျွန်း ကို စိတ်ပျက်စွာကြည့်လိုက်သည်။
'မင်းသား'
'နတ်ပြည်နဲ့ လူ့ပြည်ကြားမှာ လေဟာနယ်ဘုံတစ်ခုရှိတယ်။ မင်း အဲ့ကိုအရင်သွားနှင့်လိုက်'
'မင်းသားကကော။ ပြီးတော့ အဲ့နေရာကို ကျွန်တော်မသိဘူး'
'အာ့ရှန်း ကို ခေါ်သွားလိုက်။ မင်းရဲ့ စွမ်းအားတွေက အဲ့နေရာမှာပဲလေ့ကျင့်မှရတော့မှာ'
'မင်းသားကကော......မင်းသားကော မလိုက်လာဘူးလား'
'သွားနှင့်'
'မင်းသား'
'ငါစိတ်တိုနေတာ ဘတ်ဟျွန်း။ ငါ့ရဲ့ဒေါသတွေကို မင်းအပေါ်မပုံချသေးခင် ထွက်သွားလိုက်။ ငါမင်းကို ဒေါသမထွက်ချင်ဘူး'
ဝမ်ယောလ် တန်ဖိုးထားခဲ့ရသည့် ရုပ်ထုကို ဖျက်ဆီးမိသွားသည့်အတွက် ဘတ်ဟျွန်း ဘယ်လိုပြန်လုပ်ပေးရမလဲ မသိပေ။ အခုအချိန်တွင် ဝမ်ယောလ် စိတ်တိုနေသည်မှာ အမှန်ဖြစ်ပြီး သူ့ကို ဒေါသမထွက်မိစေရန်လည်း ရှောင်ခိုင်းနေမှန်း ရိပ်မိပေမဲ့ ဝမ်ယောလ် ကို တစ်ယောက်တည်းထားခဲ့ဖို့ကျ စိတ်မချပြန်ဘူး။
'ကျွန်တော် စိတ်မချဘူး။ ကျွန်တော် ဒီနားတစ်ဝိုက်မှာပဲ နေနေမှာ။ အခုတောင် သူတို့က မင်းသားရောက်နေတာသိပြီး ရောက်လာကြတာ။ ထပ်ပြီး ရောက်မလာဘူးလို့ မပြောနိုင်ဘူး'
ဝမ်ယောလ် ဘတ်ဟျွန်း စကားကြားပြီး ခနဲ့သလိုရယ်လိုက်ကာ
'မင်းက ငါ့ကို ကလေးလေးလို့ထင်နေတာလား'
ဝမ်ယောလ် ခြေထောက်အတားရှိ ကျောက်အကွဲအပိုင်းတစ်ခုကိုယူလိုက်ပြီး လက်သီးဆုပ်ချတော့ သွေးတွေစီးကျလာခဲ့သည်။