36

431 47 17
                                    

[Unicode]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၃၆

ချန်းယောလ် တစ်ယောက် ဘတ်ဟျွန်း အိပ်ပျော်နေတာကို ဘေးကနေ အမြတ်တနိုးထိုင်ကြည့်နေသည်။ သူဘယ်လောက်တောင် တယုတယထားခဲ့ရတဲ့ ကြင်ယာတော်လေးလဲ။ နှစ်ပေါင်းတစ်သိန်းနီးပါးကြာသွားခဲ့ပြီဖြစ်တာတောင် သူ့အချစ်တွေက သေးသေးလေးတောင်မလျော့သွားပေ။ မူလ ဘတ်ဟျွန်း ကိုယ်တိုင်ကလည်း သူ့ကိုမမုန်းဘဲ ပြန်ချစ်လာခဲ့ရင် သူအသက်ပေးခဲ့ရတာက ထိုက်တန်လွန်းနေပါပြီ။

နတ်ပြည်တစ်ခွင်လုံးရှိ နတ်တွေအားလုံး ရေခဲနှင်းစွမ်းအားပိုင်ရှင်ကို ရှာနေ၍ အကုန် အလုပ်ရှုပ်နေကြသည်။ သူတို့ နန်းဆောင်တစ်ခုတည်းကသာ အေးအေးဆေးဆေးဖြစ်နေသည်။

ချန်းယောလ် လည်း ဘတ်ဟျွန်း ရဲ့ ရေခဲနှင်းစွမ်းအားကို ဖိနှိပ်ထားရင်း သူ့ရဲ့ အပြာရောင်မီးစွမ်းအားတွေကို ပိုးတိုးပြီး ထည့်ပေးနေသည်။ ထို့အပြင် ဘတ်အွန်း ၏ အမြုတေကိုလည်း စွမ်းအားထပ်ဖြည့်ပေးလိုက်တာကြောင့် ချန်းယောလ် ရှိနေချိန်မှာတောင် ဘတ်ဟျွန်း ရဲ့ ကံကြမ္မာနတ်စွမ်းအားက နိုးထလာမည်မဟုတ်ပေ။

မကြာခင်မှာပဲ ဒဏ်ရာတွေသက်သာလာပြီဖြစ်တဲ့ ဘတ်ဟျွန်း နိုးလာခဲ့သည်။ ဘေးတွင် သူ့ကိုကြည့်နေသော ချန်းယောလ် ဝိဥာဥ်ဝင်ထားသည့် ဝမ်ယောလ် ကို မြင်လိုက်ရတာကြောင့်

'မင်းသား'

'နိုးပြီးလား။ အိပ်ချင်ရင် ဆက်အိပ်လေ'

ဘတ်ဟျွန်း ပြုံးရင်း ခေါင်းလေးခါပြကာ

'‌ရပါတယ်။ ကျွန်တော် အကြာကြီး အိပ်မိသွားတယ်'

'ဟျွန်းလေး က ဒဏ်ရာရနေတဲ့သူလေ။ ဒီလောက်အိပ်တာက ဖြစ်သင့်ပါတယ်။ ဘာမှမဖြစ်ဘူး....မစိုးရိမ်နဲ့'

ချန်းယောလ် ရဲ့ စကားတွေထဲမှာ နွေးထွေးမှုအပြည့်ရှိနေကြောင်းကို ဘတ်ဟျွန်း ခံစားနေရသည်။

'ဒါနဲ့...တခြားသူတွေက စုံစမ်းရေးစနေပြီထင်တယ်'

'ဟုတ်တယ်။ ရေခဲနှင်းစွမ်းအား စပေါ်တဲ့နေရာကို စုံစမ်းနေကြတာ'

ထိုစကားကိုကြားပြီးနောက် ဘတ်ဟျွန်း မျက်နှာလေးက စိုးရိမ်သွားကာ

You've reached the end of published parts.

⏰ Last updated: Jan 12 ⏰

Add this story to your Library to get notified about new parts!

ForevermoreWhere stories live. Discover now