" သမီး နောင်နောင့်ကို လက်ထပ်ဖို့
ဘယ်လိုသဘောရလဲ "
ဘာမှ နိဒါန်းမချီပဲ ပြောလာသည့် ဦးငယ်စကားကြောင့် စားလက်စ မုန့်က အလုံးအခံလိုက် မြိုကျသွားတာမို့ ရင်ဘတ်ကို တဘုန်းဘုန်းနှင့် သုံးလေးချက်ပစ်ထုလိုထက်မှ လျှောလျှောလျူလျူနှင့် အစာအိမ်ဆီ ချီတက်သွားတော့သည် ။
နဂိုကတည်းက ကြိတ်ကြံနေတာဆိုပေမယ့် ဆိုင်းမဆင့် ဘုံမဆင့် ကြီး ပြောလာတာမျိုးကျ ရှက်သလိုလို ကြီးဖြစ်တာပေါ့
" ရှင် ... ဘာ ဘာလို့လဲ ဦးငယ်"
" သမီးတို့မောင်နှမ နှစ်ယောက်ကို ဦးငယ် စိတ်မချလို့ သမီးတို့မောင်နှမ နှစ်ယောက်တည်းဆို အစ်ကိုကြီးရှာဖွေခဲ့သမျ အကုန် တစ်စစီဖြစ်သွားဖို့ပဲမြင်နေလို့ "
သူမ တွန့်လိမ်လိမ်မျက်နှာနှင့်ဖြစ်သွားရပေမယ့် တကယ်လဲ စိတ်ကိုမဝင်စားခဲ့တာမို့ နောင်နောင့် အားကိုးနဲ့ အေးဆေးဖြစ်နေခဲ့တာ ဒီလောက်အဆင်ပြေနေခဲ့တာကို နောင်နောင်နဲ့ ဦးငယ်ရှိနေသရွေ့ သူမတို့ ကမ္ဘာပြိုစရာ အကြောင်းကိုမရှိတာကြီး
" ဦးငယ်နဲ့ နောင်နောင် ရှိနေသရွေ့ အကုန်အဆင်ပြေနေတာကြီးကို "
"ဦးငယ် ကလဲ အသက်ကြီးပြီလေ နောင်နောင်ကလဲ လူပျို လူလွတ်တစ်ယောက် သူ အိမ်ထောင်ပြုသွားခဲ့ရင် သမီးတို့ ဆက်ပြီး အဆင်ပြေမယ် ထင်သလား သူစိမ်းစွက်ရင် အကုန်အဆင်မပြေပဲဖြစ်ကုန်မှာပေါ့ သမီးရဲ့ "
" သမီးလဲ တွေးဖူးတယ် ဒါပေမယ့် နောင်နောင်က သဘောတူပါ့မလားဦးငယ် "
" သဘောတူမှာပါ အခုချိန်ထိ သူနှစ်သက်သဘောကျတဲ့ သူရှိတာမျိုး ဦးငယ် မကြားမိသေးဘူးလေ "
" နောင်နောင်ဆိုတာ သမီးအတွက်က မောင်နှမလို အစ်ကိုလိုမို့ သူ့ကို လက်ထပ်ရလဲ ဘာမှမဖြစ်ဘူးရယ် ဒါပေမယ့် လင်မယားလိုဖြစ်လာမလား ဘာလားတော့ သမီး မတွေးတတ်သေးဘူး
ဦးငယ်ပြောတာတွေလဲ မှန်နေတာမို့ သမီး အနေနဲ့ လက်ခံပေးနိုင်ပါတယ်
နောင်နောင် နဲ့ စစ်နိုင်တို့ လဲ သဘောတူတယ်ဆိုရင် သမီးလဲ တူပါမယ် ဦးငယ် "
ပြုံးစိစိ မျက်နှာလေးနှင့် မငြင်းဆန်ပဲ ရှိနေသည့် သမီးကြီးမျက်နှာကို ကြည့်ရင်း ဆုံးပါးသွားသည့် ကိုကြီးကိုလှမ်း၍ တမ်းတမိခဲ့လေသည် .။
ကိုကြီးရေ ကျွန်တော်တို့ မဖြစ်နိုင်ခဲ့တဲ့ အိပ်မက်တွေအတွက် ကိုကြီးသမီးနဲ့ ကျွန်တော့်သားတို့ အတူရှိနေနိုင်ပါလိမ့်မယ် ဘာပဲပြောပြော ကိုကြီးသွေးသားနဲ့ ကျွန်တော့်သွေးသားတို့ပေါင်းစပ်နိုင်တာကိုက မဆိုးပါဘူးလေ ...
YOU ARE READING
Knight of Love - Arc 1 (Bl fic)
Romance*သတိ * ======= BL ဇာတ်လမ်းဖြစ်ပါသည် ။ လဝန်း၏ ပထမဆုံး BL ဖန်တီးမှုလေးလဲဖြစ်ပါတယ် အဲ့တာကြောင့် ယောက်ျားလေးခြင်းအချစ်ကို စိတ်မဝင်စားရင် ကျေးဇူးပြု၍ မဖတ်ပါနဲ့ လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်နော်