" စစ်နိုင် စစ်နိုင် ထတော့ "
"ဟုတ် ၁၁နာရီထိုးပြီလား "
" ၁၅မိနစ်လောက်လိုသေးတယ် ရော့ ဒါနဲ့ မျက်နှာသုတ်လိုက် ပြီးရင် ကော်ဖီသောက်လိုက် သွားရအောင် "
စေ့စေ့ စပ်စပ်ရှိသည့်နေရာမှာ နောင်နောင့်ကိုမီသူမရှိ ။
အဆင်သင့်ပြင်ပေးထားသည့် တာဝါနှင့် အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီက လက်တွေ့ပင်ဖြစ်သည် ။" သြော ... "
"ဘယ်မှာချိန်းထားတာလဲ "
" အောက်ထပ်က မုန့်ဆိုင်မှာ "
"ဟင် ..."
အံအားသင့်သွားတဲ့ နောင်နောင့်မျက်နှာကိုကြည့်ရင်း မချိုမချဥ်ပြုံးမိသည် ။ အစစရာရာ အားလုံးသိနေသလို လုပ်တတ်သည့် နောင်နောင် ဒီတစ်ခါရော ဘာတတ်နိုင်သေးလဲ" အပြန်ကျ ဘယ်ဝင်ဖို့ရှိသေးလဲ ကပ်လိုက်ခဲ့လို့ရလား "
" ကိုယ် ဒီနေ့ အိမ်မပြန်ဘူး သဘက်ခါအမေ့နှစ်ပတ်လည် အလှူရှိတယ်လေ ၂နာရီလောက်ရုံးဆင်းမယ် နယ်ကအိမ်ကို ပြန်မလို့ "
ဦးငယ် ကတော့သွားမှာ မဟုတ်ပေ ။ ဒါပေမယ့် မမသီရိနဲ့ သူကတော့ တစ်ချို့နှစ်တွေမှာ လိုက်လည်တတ်တာမို့ သိပ်အထူးဆန်းကြီးတော့မဟုတ် ။ ပုံမှန်ဆို မောင်နှမ နှစ်ယောက်လုံးလိုက်သွားတတ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူနဲ့ နောင်နောင် နှစ်ယောက်တည်းသွားချင်ခဲ့တာဖြစ်သည် ။" ကျွန်တော်လဲ လိုက်ခဲ့မယ် "
" ရတယ်လေ ..."
အငြင်းစကား ဆိုလေ့မရှိသူကြီးကတော့ ထုံးစံအတိုင်း ခေါင်းအသာငြိမ့်လာသည် ။
အရမ်းကိုလိုက်လျောတတ်လွန်းတာ နောင်နောင့်အကျင့်မို့ တခြားသူတွေကိုရော ဒီလိုပဲ လိုက်လျောနေတတ်တာလားဆိုပြီး တွေးမိတော့စိတ်ထဲ သဘောမကျသလိုဖြစ်လာပြန်သည် ။
နောင်နောင်ဆိုတာ သူ့အပိုင် ဘာကြောင့်တစ်ခြားသူတွေကိုလိုက်လျောရမှာလဲ ။
ဒါမျိုး မိမိလက်မခံနိုင်" အိမ်က ဘာဝင်ယူဦးမလဲ "
" မယူတော့ဘူး မမနဲ့ ဦးငယ်ကို မပြောနဲ့ဦး လမ်းရောက်မှပြောမယ် "မမကိုပြောလိုက်လျှင် ကပ်လိုက်လာမှာစိုးရိမ်တာမို့ အကြံဆိုးကြီးနှင့် မပြောခိုင်းတာ နောင်နောင် သတိမှ ထားမိပါလေစ ။
"Ok "
အမှန်ပြောလျှင် စစ်နိုင်မပြောလျှင်တောင် သူ အိမ်ကို ပြောပြဖို့ စိတ်ကူးမရှိခဲ့တာဖြစ်သည် ။
နှစ်ယောက်တည်း အတူတူသွားရမယ့် ဒီခရီးလမ်း စိတ်ကူးနှင့်ပင် စိတ်ချမ်းသာဖို့ကောင်းနေသည် ။ အရင်လို နီးနီးစပ်စပ်နေဖို့အခွင့်ရေးတွေ ပြန်ရလာမှာလား...
စစ်နိုင်ဆီမှာရော ဘယ်လိုအတွေးတွေရှိနေမှာလဲ ....
.
.
.
အစီစဥ်တွေပြောင်းကုန်တာမို့ ဒီနေ့အတွက် အလုပ်တွေကို ရပ်တန့်ဖို့ရာဆုံးဖြတ်ပြီးသည်နှင့် တပြိုင်နက် သူ စျေးဝယ်ထွက်ဖို့ ပြင်ဆင်ရတော့သည် ။
"ဆရာ ကျွန်တော် ... "
စကားတောင်မဆုံးလိုက် ကားပေါ်မှဆင်းလဲဆင်း ပြောလဲ ပြော ထွက်လဲထွက်သွားတာမို့ နောက်က အပြေးလိုက်ရင်းစ
"ရတယ် မင်းနေခဲ့လိုက် ငါလိုအပ်တာ ငါ့ဘာသာသွားဝယ်မယ် "
စစ်နိုင် စိတ်တိုင်းကျမယ့်အရာတွေက သူလျှင်ကောင်းကောင်းသိတာမို့ ကိုယ်တိုင်ဝယ်ပေးမှဖြစ်မှာ စိတ်တိုင်းမကျရင် ဒီအတိုင်းပစ်ထားတတ်တဲ့ ကလေးမျိုးမို့ ဂရုစိုက်ပေးနိုင်မှတော်ခါကျမှာဖြစိသည်
ဒါ့အပြင် နှစ်ယောက်တည်းအတူခရီးထွက်တဲ့အချိန် စစ်နိုင် စိတ်ချမ်းသာပြီး အစစအရာရာကြည့်စုံနေတာမျိုးပဲ ဖြစ်စေချင်ခဲ့တာ သူ့စေတနာပင် ။
တစ်ကိုယ်ရည်သုံးပစ္စည်းတွေလဲပါရမယ်
စစ်နိုင်အတွက် အဝတ်အစား ဟိုမှာထားခဲ့တာတွေက တော်မှာမဟုတ်တာသေချာတယ် စစ်နိုင် ဒီနှစ်အတွင်း အရပ်ရှည်လာသည့်အပြင် ခန္ဓာကိုယ်ကလဲကြည့်လာတာမို့ အင်္ကျီတွေ ထပ်ဝယ်ခဲ့မှဖြစ်မှာ
နယ်ဆိုတော့ စစ်နိုင် စိတ်တိုင်းကျ အင်္ကျီသားတွေက ဝယ်ရခက်ခဲနိုင်သည်ပဲလေ ။ပြီးကျ မျက်နှာသစ်ဆေး သွားတိုက်ဆေး မျက်နှာလိမ်း rollon လိုးရှင်း
ဆံပင်အတွက်ဆိုလဲ ခေါင်းလျှော်ရည် ကအစ ခေါင်းလိမ်း ဘီးအဆုံး
စေ့စေ့စပ်စပ်တွေးလေ ဝယ်ရမည့် စာရင်းက တိုးလာလေ ဖြစ်နေတာကြောင့် အချိန်မှီ ထွက်နိုင်ပါ့မလား စိုးရိမ်လာရပြန်သည် ။
အမြဲစနစ်တကျ အချိန်ကိုစီမံခန့်ခွဲနိုင်ခဲ့ပေမယ့် စစ်နိုင်ဆိုသည့် ကလေးအတွက်ဆို သူ့အချိန်တွေက အလျင်မမီတော့ပဲ ဖြစ်နေခဲ့တာဖြစ်သည် ။
" နောင်နောင် ...."
ကားမမောင်းနိုင်သေးပဲ ကိုယ့်အတွေးနှင့်ကိုယ် စျေးဝယ်ဖို့ ပြင်နေရာမှ မှန်တံခါးကို ခေါက်ပြီး အော်နေသည့် စစ်နိုင်အသံ ကြောင့် ကားမှန်ကိုချပေးလိုက်တော့
" နောင်နောင် ဘယ်သွားမလို့လဲ ..."
" လိုအပ်မယ်ထင်တာလေးသွားဝယ်မလို့ "
" ညနေ အတွက်လား ကျွန်တော်လဲ လိုက်ခဲ့မယ် လိုအပ်တာလေးတွေ ဝယ်ရအောင် "
ကိုယ်လဲ မင်းအတွက် သွားဝယ်မလို့ပဲ ဆိုသည့်စကားကို သူ မပြောလိုက်မိပဲ နောင်နောင့်ကို ခပ်ပြုံးပြုံးနှင့် ခေါင်းပဲ ငြိမ့်ပြလိုက်မိသည်
ကိုယ့်အတွက်က ဘာပဲဖြစ်ဖြစ် အဆင်ပြေပေမယ့် မင်းအတွက်ကတော့ အစစအဆင်ပြေချောမွေ့စေချင်ခဲ့တာ ...
" သွားတွေ့မယ့် ကိစ္စက ... "
" ပျက်သွားတာ မသွားဖြစ်တော့လို့ နောင့်နောင့်ရုံးခန်းကို ပြန်လာတာ နောင်နောင် အခုပဲထွက်သွားတာဆိုလို့ မနည်း လိုက်ဖမ်းရတာ "
" ကောင်းပြီလေ သွားရအောင် "
.
.
.
.
.
YOU ARE READING
Knight of Love - Arc 1 (Bl fic)
Romance*သတိ * ======= BL ဇာတ်လမ်းဖြစ်ပါသည် ။ လဝန်း၏ ပထမဆုံး BL ဖန်တီးမှုလေးလဲဖြစ်ပါတယ် အဲ့တာကြောင့် ယောက်ျားလေးခြင်းအချစ်ကို စိတ်မဝင်စားရင် ကျေးဇူးပြု၍ မဖတ်ပါနဲ့ လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်နော်