"ဒီအရှုံးတွေက ဘယ်လိုဖြစ်ရတာလဲ ............... "
".............. ကျွန်တော်တို့လဲ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ် ခင်ဗျာ ......"
ထွက်နေသော အရှုံးရလာဒ်ကြောင့် အတော်ကြီး စိတ်ရှုပ်ထွေးရတာ အမှန်ပဲဖြစ်သည် ။ တကယ်ဆိုလျှင် ဒီလုပ်ငန်းကို စတင်မည့်အချိန်ကတည်းက Manager များကို သေချာစွာ Plan များရေးဆွဲစေပြီး အဆင့်ဆင့်အကဲဖြတ်ပြီးမှ အရှုံးအနည်းဖြစ်အောင် စတင်စေခဲ့ခြင်း သို့သော်လည်း အခုအချိန်မှာတော့ လုပ်ငန်း၏ အရှုံးက သူ သတ်မှတ်ပေးထားတာထက် များလွန်းနေခဲ့တာ ...။
"မင်းတို့ ကြိုးစားတယ်ဆိုတာ ဘာလဲ မင်းတို့ကြိုးစားမှု ရှိတယ်ဆိုရင် ဒီစာရင်း ရလာဒ်တွေက ဘာဖြစ်တာလဲ ............. "
သူသည် ဒီလုပ်ငန်းတွေ၏ အထွေထွေမန်နေဂျာတစ်ယောက်ဖြစ်တာကြောင့် တိုးတက်မှု ဆုတ်ယုတ်မှု အားလုံးသည် သူနှင့် သက်ဆိုင်နေသည်။ စစ်နိုင်တို့ မောင်နှမနှစ်ယောက်က ဘာမှပြောကြမည် မဟုတ်သော်လည်း တိုးတက်မှုကိုသာလျှင်ပေးချင်ခဲ့တာသူ၏ စစ်မှန်သော စိတ်ထားဖြစ်သည်။ ဘယ်လိုနည်းနှင့်ဖြစ်စေ သူတာဝန်ယူထားချိန်မှာတော့ အားလုံးတိုးတက်စေရမည်ဟု စိတ်ဆုံးဖြတ်ခဲ့ပြီး တာဝန်ယူခဲ့တာဖြစ်သည် ။
"ကျွန်တော်တို့ ........... "
သူပေးလိုက်သည့် အရှုံးအမြတ်ရှင်းတမ်း စာရင်းမှတ်တမ်းများကို ငေးစိုက်ကြည့်ရင်း ပြောရမည့် စကားတို့ ဆွံ့အနေသည့် မန်နေဂျာနှင့် တာဝန်ရှိသူများကို သူကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည် ။
"ဆက်ပြော ဒီလုပ်ငန်းကို စတင်မယ်ဆိုတဲ့အချိန်ကတည်းက ကိုယ်အထပ်ထပ် ကြိုတင်မေးခဲ့တယ် လိုအပ်တဲ့အချက်အလက်တွေ စုစည်းခိုင်းခဲ့တယ် ပြီးမှ လုပ်ငန်းခွဲကို စဖို့ ခွင့်ပြုခဲ့တာ
ခင်ဗျားတို့ ဒီလုပ်ငန်းအတွက် ပြင်ဆင်ထားတဲ့ ဇယားတွေ စာရင်းတွေက ဘယ်လိုဖြစ်ရတာလဲ အခု အမှန်တကယ် အခြေအနေက တလွဲတွေကြီးပဲ ............. "
"ကျွန်တော်တို့ တွက်ဆထားတုန်းက တောက်လျှောက် ငွေဝင်ဖို့ အတွက်စီစဉ်ခဲ့တာပါ ဒါပေမယ့် လုပ်ငန်း စတဲ့အချိန်မှာ လေကြောင်းလိုင်းတစ်ချို့က PSA မကျလာတဲ့အတွက် ခန့်မှန်းထားတာတွေနဲ့ လွဲပြီး ............. "
YOU ARE READING
Knight of Love - Arc 1 (Bl fic)
Roman d'amour*သတိ * ======= BL ဇာတ်လမ်းဖြစ်ပါသည် ။ လဝန်း၏ ပထမဆုံး BL ဖန်တီးမှုလေးလဲဖြစ်ပါတယ် အဲ့တာကြောင့် ယောက်ျားလေးခြင်းအချစ်ကို စိတ်မဝင်စားရင် ကျေးဇူးပြု၍ မဖတ်ပါနဲ့ လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်နော်