Part – 2
"GM ကျွန်တော်တို့ ဧည့်ခံဖို့နေရာထိုင်ခင်းစီစဉ်ထားမှုနဲ့ ပွဲအတွက် အပ်တာတွေအကုန်ခင်းကျင်းပြင်ဆင်ပြီးပြီ ....... "
PA ကောင်လေးရောက်လာပြီးပြောတော့မှ သူနာရီကို ပြန်ကြည့်မိသည် ။ ဒီမီးဖိုခန်းထဲမှာလိုက်စစ်နေတာတစ်နာရီနီးပါး ကြာသွားခဲ့တာပဲ ....။ တစ်ခုခု ပြသာနာတက်လျှင် အစားအသောက်ကိစ္စက အန္တရာယ် အများဆုံးအရေးအကြီးဆုံးမို့ စိတ်ချရသောဝန်ထမ်းများကိုပဲခေါ်ထားပြီးချက်ပြုတ်သည့် စားဖိုမှူးတွေကိုလဲသူတို့ ဟိုတယ်တွေမှာအသုံးပြုသည့် စာဖိုမှူးတွေကိုပဲအသုံးပြုထားတာဖြစ်သည် ။
"ဟုတ်ပြီကိုယ် လာစစ်မယ် ..... စစ်နိုင်ရော .... "
"MD ..... အခန်းထဲကထွက်မလာသေးပါဘူး ......."
မွေးနေ့ရှင်ကအေးချမ်းနေသလောက် ပြာတောက်နေရတာကသူဖြစ်သည် ။ တစ်ချိန်လုံးစိုးရိမ်စိတ်အပူပြီးဟိုဘက်စစ်ဆေးရဒီဘက်စစ်ဆေးရနှင့် စစ်နိုင်မွေးနေ့အကြောင်းပြုပြီး ဖြစ်လာနိုင်သည့် ပြသာနာအားလုံးကိုအဘက်ဘက်မှ တွေးတောစီစဉ်ရင်းဗျာများနေသလောက် အေးချမ်းနေသူကမွေးနေ့ရှင် ....။
အရင်တစ်ပတ်ကတည်းက Seven Star Hotel ကိုအပြတ်ငှား၍ အခန်းထဲကမထွက်စတမ်းထိုင်နေတာ ...၊ ကွန်ပျူရှေ့မှာပဲအိပ် ကွန်ပျုတာရှေ့မှာပဲစားနှင့် ကွန်ပျူတာနှင့်များပေါင်းဖက်နေသလားထင်မှတ်ရလောက်အောင် ရှိနေတာ ..... ။
"မင်းလိုအပ်တာတွေ တစ်ချက်ပြန်ကြည့်ထားနှင့် နေရာချထားမှုကိုတစ်ချက်ပြန်စစ်ထားနှင့် "
"ဟုတ်ကဲ့ GM ကျွန်တော့်ကိုခွင့်ပြုပါဦး... "
"ကောင်းပြီ ...... "
သူထပ်ပြီးစီစဉ်ရမှာကထိုမွေးနေ့ရှင်ကိုအခန်းထဲမှခေါ်ထုတ်၍ မွေးနေ့ရှင်နှင့် အသွင်တူဖို့ တိုက်တွန်းရန်ဖြစ်သည် ။
"ကိုအောင် ခင်ဗျားဒီအခန်းထဲမှာ ကြီးကြပ်ပြီးလိုအပ်တာတွေကူညီပေးလိုက် "
"ဟုတ်ကဲ့ GM .... "
.
.
.
.
.
"စစ်နိုင် ဒီနေ့ ပွဲရဲ့လူကမင်းဖြစ်ရမှာနော် .... "
YOU ARE READING
Knight of Love - Arc 1 (Bl fic)
Romance*သတိ * ======= BL ဇာတ်လမ်းဖြစ်ပါသည် ။ လဝန်း၏ ပထမဆုံး BL ဖန်တီးမှုလေးလဲဖြစ်ပါတယ် အဲ့တာကြောင့် ယောက်ျားလေးခြင်းအချစ်ကို စိတ်မဝင်စားရင် ကျေးဇူးပြု၍ မဖတ်ပါနဲ့ လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်နော်