ShuYi... စိတ်အေးအေးထားနော်

417 35 2
                                    

မနက်ခင်းရဲ့ နေရောင်ခြည် ခပ်နွေးနွေးက မီးခိုးရောင် တိုက်အိမ်ကြီးအပေါ် ကျ‌ရောက်နေပြီဖြစ်သည်။ ထိုတိုက်အိမ်ကြီး၏ ထောင့်တစ်နေရာရှိ ထမင်းစားပွဲတွင်တော့ Gao ShiDe နှင့် Zhou ShuYi တို့ ချစ်သူနှစ်ဦး မျက်နှာချင်းဆိုင်ထိုင်၍ မနက်စာစားနေကြသည်။ မနက်စာစားနေသည်ဆိုသော်လည်း ShuYi တစ်ယောက် လက်တစ်ဖက်တွင်လက်ဖက်ရည်ခွက် ကိုင်၍ လက်တစ်ဖက်က Tablet ကို ကိုင်ရင်း အာရုံစိုက် ကြည့်နေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်မသက်မသာဖြစ်လာသော Gao ShiDe တစ်ယောက် သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။ ထို့နောက် ShuYi ကို ခေါ်ရန် ဟန်ပြင်နေစဉ် စားပွဲပေါ်တင်ထားသော ShiDe ၏ ဖုန်းက ထတုန်လာသည်။ တုန်လာသော ဖုန်းမျက်နှာပြင်ကို ShiDe တစ်ချက် လှမ်းကြည့်လိုက်ပြီး ShuYi ကို အကဲခတ်လိုက်သည်။ ShuYi သူ့အား စိတ်ဝင်စားဟန်မရှိသဖြင့် ဖုန်းကို ကိုင်၍ စားပွဲမှ ထထွက်သွားလိုက်သည်။ ဖုန်းပြောရန် ထထွက်သွားသော သူ၏ ကျောပြင်ကို ShuYi လှမ်းကြည့်လိုက်သည်ကိုတော့ ShiDe မသိတော့ပေ။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

"‌ဟေ့... Bing Wei ကားခဏရပ်ပေးဦး"
"ဘာဖြစ်လို့လဲ Zhe Yu..."
"ဟိုမှာ ငါအဲ့ Bakery က မုန့်စားချင်လို့"
"ရုံးမှာ ShuYi စောင့်နေတယ်နော် နောက်ကျရင် ပြောနေလိမ့်မယ်"
"ဒီဆိုင်က ကြုံတုန်းဝယ်ရတာ... သူ့အတွက်ပါ ဝယ်သွားပေးလိုက်ရင် ပြီးတာပဲ"
Zhe Yu အသံခပ်လုံးလုံးဖြင့် ပြုံးပြီး ပြောနေတာကြောင့် Bing Wei လည်း မငြင်းသာတော့၍ ကားရပ်ပေးရန် ဆုံးဖြတ်လိုက်သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

"Bing Wei နေဦး နေဦး"
ဆိုင်တံခါးဝတွင် ဆိုင်ထဲ‌သို့ လှမ်းနေသော Bing Wei ၏ ခြေလှမ်းများသည် လှမ်းဆွဲလိုက်သော Zhe Yuကြောင့် ရပ်တန့်သွားသည်။ သူပဲ ဒီဆိုင်ကို ဝင်ချင်သည်မဟုတ်လား။ အခုဘယ်လိုကြောင့် ဆွဲပြန်သလဲ ဟုတွေးကာ Zhe Yu ကို လှည့်ကြည့်ရင်း မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
လက်ညိုးကို ပါးစပ်နားကပ်၍ တိုးတိုးနေရန် အမူအရာပြသော Zhe Yu ကြောင့် Bing Wei ကြောင်တောင်တောင် ဖြစ်သွားသည်။ ဆက်၍ Zhe Yu လက်ညိုးညွှန်းပြသောဘက်ကို Bing Wei လှည့်ကြည့်မိသောအခါ
"Gao ShiDe..."

ဆိုင်၏ ထောင့်ကျသော ဝိုင်းတွင် အမျိုးသမီးတစ်ယောက်နှင့် ထိုင်နေသော Gao ShiDe ကို တွေ့လိုက်ရသည်။ အမျိုးသမီးတစ်ယောက်နှင့် ထိုင်နေရုံဖြင့် အထူးအဆန်းမဟုတ်သော်လည်း ထိုအမျိုးသမီးက Gao ShiDe ၏ ပခုံးစွန်းပေါ် မျက်နှာအပ်၍ ငိုနေသည်ကို Gao ShiDe က နှစ်သိမ့်နေ၍ ထူးဆန်းခြင်းဖြစ်သည်။
"Gao ShiDe... ဒီကောင် ShuYi နဲ့ ပြန်အဆင်ပြေတာမှ တစ်နှစ်မပြည့်သေးဘူး..."

Gao ShiDe, I'm SorryWhere stories live. Discover now