မင်းတစ်ကိုယ်လုံး အေးစက်နေတယ်

389 34 0
                                    

Zhou ShuYi ၏တိုက်အိမ် ‌လျှောက်လမ်းနှင့် ပန်းပင်များသည် သည်းသည်းမဲမဲ ရွာသွန်းထားသော မိုးအရှိန်ကြောင့် စိုထိုင်းထိုင်းဖြစ်နေသည်။ ထိုလျှောက်လမ်းဝတွင် ထိုးရပ်လာသော အငှားကားပေါ်မှာ Bar တွင် သောက်ပြီး ပြန်လာသော Zhou ShuYi ဆင်းလာသည်။ အိမ်ထဲသို့ မဝင်ခင် Gao ShiDe ပြန်ရောက်ပြီလားသိချင်စိတ်ဖြင့် ကားရပ်ထား မထားကိုတစ်ချက်ဝေ့ကြည့်သည်။ မည်သည့်ကားမှ မတွေ့ရပေ။
"ပြန်မရောက်သေးဘူးလား"
တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ Gao ShiDe နှင့်အတူ ရှိနေရာမှ အငှားကားနဲ့ ထွက်လာပြီး Bar တွင် တစ်ယောက်တည်း ရှိနေခဲ့သည်မှာ တစ်နာရီခွဲ နှစ်နာရီခန့်တော့ ကြာသည်။ ထိုအချိန်အတွင်း အိမ်ပြန်မရောက်သည့် Gao ShiDe တစ်ယောက် သူအိမ်သူ ပြန်သွားသလားဟု Zhou ShuYi တွေးမိသည်။ ဖုန်းဆက်ကြည့်ရမလားဟု တွေးမိပြန်သော်လည်း ဖုန်းက Gao ShiDe ထံတွင် ကျန်ခဲ့သည်။ Zhou ShuYi ခေါင်းခါ၍ သက်ပြင်းချရင်းသာ အိမ်ထဲသို့ ဝင်လာခဲ့တော့သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

Zhou ShuYi အိမ်ထဲသို့ ရောက်‌သောအခါ ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။ ထိုစဉ် အိမ်အပြင်မှ ကားစက်သတ်သံကို ကြားလိုက်၍ ShuYi ဆိုဖာမှ ထကာ တံခါးသွားဖွင့်လိုက်သည်။ လျှောက်လမ်းအလယ်လောက်တွင်ရှိနေသော ShiDe သည် ShuYi ကို မြင်သည်နှင့် နာမည်ခေါ်ရင်း တံခါးဝနား အပြေးတစ်ပိုင်းရောက်လာသည်။ ShiDe ၏ ဆံပင်များနှင့် အဝတ်အစားများက စိုနေသလို ShuYi ၏လက်ကို ဖမ်းဆုပ်လိုက်သော ShiDe ၏ လက်ကလည်း အေးစက်နေသည်။ ထိတ်လန့်‌သွားသော ShuYi က ShiDe ၏ ပါးနှစ်ဖက်ကိုပါ စမ်းကြည့်ရင်း
"မင်း တစ်ကိုယ်လုံး အေးစက်‌နေတာပဲ"

ShiDe က သူ၏ ပါးနှစ်ဖက်တွင်ရှိနေသော ShuYi ၏ လက်ကို ပြန်ဆုပ်ကိုင်၍
"ShuYi... ငါ မင်းကို အကုန်ပြောပြမယ်"
ShuYi သည် ShiDe ကို အိမ်ထဲ ဆွဲခေါ်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ShiDe ကို ခပ်‌အေးအေး ပြုံးကြည့်၍
"အရင် အဝတ်သွားလဲလိုက်ပါ... ငါနွေးတာလေး လုပ်ထားပေးမယ်"
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

Gao ShiDe ရေမိုးချိုးပြီး လှေကားမှ ဆင်းလာသည်ကို မြင်သည်နှင့် ဆိုဖာထိုင်နေသော ShuYi က မီးဖိုချောင်သို့ ထသွား၍ နွှေးထားသော နွားနို့ခွက်ကို ထ,ယူပေးသည်။ ShuYi ကမ်းပေးသော နွားနို့ခွက်ကို ကိုင်၍ ShiDe ငြိမ်သက်စွာ ရပ်နေသည်။ ShiDe မျက်နှာမကောင်းပေ။ နွားနို့ခွက်ကို စိုက်ကြည့်နေသော ShiDe မျက်လုံးများ အနည်းငယ်စိုစွတ်လာသည်။ ဆိုဖာတွင် ပြန်ထိုင်နေသော ShuYi က ရပ်နေသော ShiDe ကိုသာ မော့ကြည့်နေသည်။ အခန်းတွင်းအခြေအနေသည် စက္ကန့်ပိုင်းမျှ အေးစက်နေပြန်သည်။

Gao ShiDe, I'm SorryWhere stories live. Discover now