မနက်ခင်းအလင်းရောင်နှင့် Zhou ShuYi ၏ မျက်လုံးများလည်း ပွင့်လာသည်။ ပုံမှန်အားဖြင့် Gao ShiDe က အရင်နိုးတတ်ပြီး သူ့အား နှိုးနေကျဖြစ်သော်လည်း ယနေ့မနက်တော့ သူကိုယ်တိုင်နိုးလာသည်။ အိပ်ရာဘေးကို လှည့်ကြည့်တော့ အိပ်မောကျနေသော Gao ShiDe ကို တွေ့ရသည်။ ShuYi အိပ်နေရာမှ အသာအယာ ထထိုင်လိုက်ပြီး အိပ်ပျော်နေသော ShiDe ကို ငေးနေမိသည်။ မနေ့ညက ShiDe ၏ မျက်ရည်ဝဲနေသော မျက်ဝန်းများကို ပြန်တွေးမိ၍ ShuYi စိတ်ထဲ စိတ်မကောင်းဖြစ်ရပြန်သည်။
Zhou ShuYi အချိန်ကို ကြည့်တော့ ရုံးသွားရန်ပြင်ရတော့မည်မှန်း သတိဝင်မိသည်။ ရုံးတွင် အစည်းအဝေးရှိသေးသည်ကိုလည်း သတိရသဖြင့် အိပ်ပျော်နေသော Gao ShiDe ကို မနှိုးတော့ပဲ ရုံးသွားရန် စတင်ပြင်ဆင်တော့သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#အချိန်အားဖြင့် နေ့လယ် ၁၂ နာရီထိုးပြီဖြစ်သည်။ အစည်းအဝေးခန်းမှ ရုံးခန်းသို့ပြန်လာသော ShuYi သည် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
"ဒေါက် ဒေါက် ဒေါက်"
နေ့လည်စာ စားရန် လာခေါ်သော Bing Wei ဖြစ်သည်။ ShuYi တံခါးဝကို လှမ်းကြည့်၍
"Bing Wei ငါမလိုက်တော့ဘူး။ ငါ့အတွက် ဝယ်လာခဲ့ပေးပါလား"
"ကောင်းပြီ"ကောင်းပြီဟု ဆိုပြီးသော်လည်း Bing Wei ပြန်မထွက်သွားသေးပဲ ShuYi ၏ အရိပ်အကဲကို ကြည့်နေသည်။ ထိုအခါ ShuYi က
"ဘာဖြစ်လို့လဲ..."Bing Wei ရုံးခန်းထဲသို့ ဝင်လာပြီး ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
"ShuYi... မင်း အဆင်ပြေရဲ့လား"Bing Wei ၏ အမေးက မနေ့က ကိစ္စကို ဆိုလိုမှန်း ShuYi သဘောပေါက်သည်။ ထို့ကြောင့် Bing Wei ကို ပြုံးပြ၍ Gao ShiDe ရှင်းပြသည့်အတိုင်း ပြန်လည် ရှင်းပြလိုက်သည်။
"ဒါဆို မင်းတို့ ပြေလည်သွားကြပြီပေါ့... Gao ShiDe လည်း ရုံးမလာတော့ ငါက မင်းတို့ တစ်ခုခုဖြစ်နေပြီ ထင်နေတာ"Gao ShiDe ရုံးမလာတော့ ဟူသည့်စကားကြောင့် Zhou ShuYi မျက်မှောင်ကြုတ်လိုက်မိသည်။
"ဟမ်... Gao ShiDe ရုံးမလာဘူးလား"
"ဟုတ်တယ်လေ... ခုနက ငါ Hua Cing ရောက်ခဲ့သေးတယ်"Zhou ShuYi စိတ်ထဲ ထင့်သွားသည်။ မနက်က Gao ShiDe မနိုးသေးသော်လည်း နိုးလာလျှင် ရုံးသွားလိမ့်မည်ဟုပင် တွေးထားမိသည်။ Gao ShiDe ကို ဖုန်းခေါ်ရန် Zhou ShuYi ကြိုးစားသော်လည်း Gao ShiDe ဖုန်းမကိုင်ပေ။
"Bing Wei ငါ အိမ်ပြန်လိုက်တော့မယ်"
YOU ARE READING
Gao ShiDe, I'm Sorry
FanfictionWe Best Love : Fighting Mr.2rd ရဲ့ နောက်ဆက်တွဲ စိတ်ကူးယဉ် DeYi Fan Fiction လေးပါ။ ငါးနှစ်ကြာ ပြန်လည်တွေ့ဆုံပြီး ပြန်ပေါင်းထုပ်ပြီးနောက် အတူနေကြတဲ့ Gao ShiDe နှင့် Zhou ShuYi တို့ နှစ်ယောက်ကြားမှ အဖြစ်အပျက်အချို့ကို စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်သည်။