ညနေခင်းရဲ့ ကောင်းကင်က တိမ်တိုက်တွေ ဖုံးလွှမ်းနေသည်။ ကားထဲတွင် ထိုင်နေသော Zhou ShuYi ၏ ရင်ထဲ မှောင်မဲနေသလို ကောင်းကင်၏ တိမ်တိုက်များလည်း မဲညိုနေသည်။ Zhou ShuYi ၏ စိတ်ထဲတွင် အတွေးများ ယောက်ယက်ခပ်နေသော်လည်း အပြင်ပန်း Zhou ShuYi ကတော့ မလှုပ်မယှက် ငြိမ်သက်နေသည်။
"ShuYi..."ကားတံခါးဖွင့် ဝင်လာရင်း သူ၏ နာမည်ခေါ်လိုက်သော Gao ShiDe ကြောင့် Zhou ShuYi သတိပြန်ဝင်လာသည်။ ခေါ်သည်ကို လှည့်ကြည့်သော်လည်း မရယ်မပြုံး ဖြစ်နေသော ShuYi ကြောင့် ShiDe ထူးဆန်းနေမိသည်။ အမှန်တကယ်တော့ ပုံမှန်ရုံးဆင်းချိန်ထပ် အနည်းငယ်စော၍ လာကြိုသည်ကိုက ထူးဆန်းနေသည်။ အေးစက်နေသော ထိုအခြေအနေကို ShiDe ဖြိုခွင်းရန် ကြိုးစားလိုက်သည်။
"ShuYi... ဒီနေ့ မင်းက စောလိုက်တာ... ငါ့ကို ပြန်ကြိုလို့... သတင်းထူးတွေများ ရှိလို့လား"ShuYi ဘာမှ မတုံ့ပြန်ပဲ ကားစက်ကိုသာ နှိုးလိုက်သည်။ ထိုအခါ ShiDe က ခါးပတ် ပတ်ရင်း
"မင်း မောင်းမလို့လား"
ShuYi ခေါင်းညိတ်ပြသည်။ ထိုအခါ ကုမ္ပဏီကိစ္စကြောင့် စိတ်မကြည်ဖြစ်လာခြင်း ဖြစ်မည်ဟုသာ ShiDe တွေး၍ ခပ်ငြိမ်ငြိမ်သာ လိုက်ပါလာခဲ့သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#လမ်းတစ်လျှောက် ဘာစကားမှ မဟပဲ ကားကို ShuYi မောင်းလာလိုက်သည်မှာ ညနေစောင်း၍ အမှောင်ဝင်ပြီဖြစ်သည်။ ShuYi သည် အိမ်သို့ မောင်းခြင်းမဟုတ်ပဲ လူရှင်းသည့် လမ်းဘေး တစ်နေရာတွင် ထိုးရပ်လိုက်သောကြောင့် ShiDe နားလည်ရခက်သွားသည်။
"ShuYi... ဘာဖြစ်လို့လဲ"ShuYi သည် သက်ပြင်းတစ်ချက်ချ၍ ShiDe ကို စိုက်ကြည့်သည်။ မာကျောနေသော အကြည့်များက ဘာကြောင့်မှန်းမသိသော်လည်း ShiDe စိတ်ထဲ မချိပေ။ Zhou ShuYi ဖုန်းကိုဖွင့်၍ ဆတ်ခနဲ ထိုးပေးလာသောကြောင့် Gao ShiDe သေချာကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်မှ ဓာတ်ပုံကို မြင်သောအခါ Gao ShiDe မျက်မှောင်ကြုတ်၍ တံတွေးမြိုချလိုက်သည်။ ShiDe ကို စိုက်ကြည့်နေသော ShuYi က ခပ်မာမာ အသံဖြင့်
"အဲ့ဒါ ဘာလဲ Gao ShiDe... မင်းငါ့ကို ဘယ်လို ရှင်းပြမှာလဲ"ShiDe တစ်ယောက် ဖျော့ဝောာ့တော့ မျက်လုံးများဖြင့် ShuYi ကို စိုက်ကြည့်ရင်း
"ShuYi... ဒီကိစ္စကြောင့် ဆိုရင် မင်းထင်သလိုမဟုတ်ဘူး"
"အဲ့ဒါဆိုဘာလဲ ငါက ဘာထင်နေတာလဲ မင်းပြောလေ ပြော"
YOU ARE READING
Gao ShiDe, I'm Sorry
FanfictionWe Best Love : Fighting Mr.2rd ရဲ့ နောက်ဆက်တွဲ စိတ်ကူးယဉ် DeYi Fan Fiction လေးပါ။ ငါးနှစ်ကြာ ပြန်လည်တွေ့ဆုံပြီး ပြန်ပေါင်းထုပ်ပြီးနောက် အတူနေကြတဲ့ Gao ShiDe နှင့် Zhou ShuYi တို့ နှစ်ယောက်ကြားမှ အဖြစ်အပျက်အချို့ကို စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်သည်။