လွမ်းတယ် ShuYi

1K 51 1
                                    

ယခုအချိန်ကာလသည် Zhou ShuYi အတွက် Cheng Yi Group အား ဆက်ခံသူ တစ်ဦးအဖြစ် ထိုက်တန်သူဖြစ်ကြောင်း သက်သေပြရန် လိုအပ်နေသော အချိန်ကာလဖြစ်သည်။ ပထမနေရာကိုသာ အမြဲတမ်း လိုချင်လေ့ရှိသော Zhou ShuYi သည် ထိုကာလတွင် လိုသည်ထက် ပို၍ စိတ်ဓာတ်ပြင်းထန်နေပြီး စိတ်ဖိစီးမှုများနေသည်။ ယခုရက်ပိုင်းတွင်တော့ Zhou ShuYi တစ်ယောက် အစည်းအဝေးများ၊ စာရွက်စာတမ်းများနှင့်သာ လုံးလည်ချာလည်လိုက်နေတော့သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

မီးခိုးရောင် အိမ်ကြီး၏ ဧည့်ခန်းတွင် ထိုင်၍ Laptop ကြည့်နေသော Gao ShiDe တစ်ယောက် screen ထောင့်မှ နာရီကို လှမ်းကြည့်လိုက်သည်။ အချိန်အားဖြင့် ၁၀ နာရီ ၁၅ မိနစ် ဖြစ်သည်။ ညနေစာ တူတူစားပြီးကတည်းက အပေါ်ထပ်ရှိ အလုပ်ခန်းသို့ ရောက်‌နေသော Zhou ShuYi ကို မျှော်၍ မော့ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။
"ဒီညလည်း ညည့်နက်ဦးမယ် ထင်တယ်"

Gao ShiDe တစ်ယောက် Laptop ကို အသာအယာ ပိတ်၍ ဆိုဖာမှ ထကာ မီးဖိုချောင်ထဲသို့ ထသွားတော့သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

"ဒေါက်... ဒေါက်"
တံခါးခေါက်သံကြောင့် Laptop ကြည့်လိုက်၊ စာရွက်စာတမ်းများ ကြည့်လိုက်လုပ်နေသော ShuYi တစ်ယောက် တံခါးဘက်သို့ မော့ကြည့်၍ လှမ်းထူးလိုက်သည်။
"အွင်း... ဝင်ခဲ့လေ"
Zhou ShuYi ထပ်၍ မော့မကြည့်တော့သော်လည်း ဝင်လာသည်မှာ Gao ShiDe မှန်း သူသိသည်။ အလုပ်စားပွဲနားရောက်လာသော ShiDe က သူက ဗန်းဖြင့် သယ်လာသော နွားနို့ခွက်ကို ချပေးရန် ပြင်‌စဉ် ShuYi ၏ စုပ်သပ်သံကြောင့် တွန့်သွားသည်။
"ဟာ... ဒါမပြင်ရသေးပါလား"
တစ်ယောက်တည်း စိတ်မရှည်စွာ ပြောရင်း တစ်စုံတစ်ယောက်ကို ဖုန်းကောက်‌ခေါ် လိုက်သည်။ စိတ်မကြည်သည့်ဟန်ဖြင့်မျက်မှောင်ကြုတ်ထား‌သော ShuYi က ဖုန်းဝင်သည်နှင့်
"အယ်... Bing Wei မင်းပို့လိုက်တဲ့ mail က အဟောင်းကြီး... သေချာကြည့်ဦးလေ"
"....."
မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ခေါင်းတရမ်းရမ်းလုပ်၍ Being Wei ကို ဆူနေသော ShuYi ကို နွားနို့ခွက်တင်ထားသော ဗန်းကိုင်၍ ရပ်‌နေသော ShiDe က ကြည့်နေမိသည်။ သူ၏ ချစ်သူမောင်က စိတ်တိုနေခြင်းဖြစ်သော်လည်း ShiDe မျက်လုံးထဲတွင်‌တော့
ချစ်စရာကောင်းနေသောကြောင့် ပြုံးလိုက်မိသည်။
"ဟုတ်ပြီ... သေချာလေး ဂရုစိုက်ပေးစမ်းပါကွာ... ‌ဒါပဲ"
ဖုန်းချလိုက်သော ShuYi ကို ShiDe က စကားစ၍
"ဒီညလည်း ညည့်နက်မှာလား"

Gao ShiDe, I'm SorryWhere stories live. Discover now