"ကိုကို..ဒီနေ့...အရမ်းပျော်တာပဲသိလား။Babyလေးကိုကိုယ့်အပိုင်အဖြစ်သတ်မှတ်လိုက်နိုင်ပြီ။"
"အင်း....Babyလည်းပျော်တယ်..ဟီးးး"
"Babyလေးစိတ်ချနော်..ကိုကိုBabyလေးကိုကာကွယ်ပေးမယ်..ဘယ်လိုအန္တာရယ်တွေပဲကြုံကြုံ ကိုကိုတို့တူတူဖျက်ကျော်ကြမယ်နော်။ကိုကို့လက်ကိုဘယ်တော့မှမလွှတ်လိုက်နဲ့။"
"အင်းးးးကိုကို့လက်ကိုဒီလိုဆုပ်ကိုင်ထားမှာ အမြဲတမ်း"ဟုပြောကာ VEEရဲ့လက်အား သူ့ရဲ့လက်သေးသေးလေးဖြင့်ဆုပ်ကိုင်လိုက်လေသည်။
"အရမ်းချစ်တယ်Baby"
Vaselလေးရဲ့နဗူးလေးအား အနမ်းခြွေလိုက်လေသည်။Vaselလေးကလည်း ရှက်ပြုံးလေးဖြင့် ပြုံးနေလေရဲ့။
ထိုမြင်ကွင်းကို အဝေးတစ်နေရာကနေ မျက်ရည်များဝဲကာ ရင်နာနာဖြင့်ပြုံးနေရင်းကြည့်နေသောDiဆိုတဲ့ကောင်လေးလည်းရှိနေလေရဲ့။
"အ့....!"
"အာ..ဆောတီးနော်။အမှောင်ထဲမှာဆိုတော့မမြင်ရလို့။အကိုကဘယ်သူလဲ ဒီမှာဘာလုပ်နေတာလဲ"
"မင်းနဲ့ဆိုင်လား"
လှည့်လာသော ကြည်လင်တောက်ပနေတဲ့မျက်နှာလေးတစ်ခု ဒါပေမဲ့ဝမ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့။
"ကျွန်တော့်နမည်က အာကာရှိန်းပါ။ကျွန်တော့်သူငယ်ချင်းကိုပြန်တော့မို့လာနှုတ်ဆက်တာ"
"မင်းရဲ့သူငယ်ချင်းက အကိုလေးတံခွန်လား"
"ကြယ်နဲ့သိလို့လား"
"မင်း အကိုလေးကိုကြယ်လို့မခေါ်နဲ့။ငါ့သခင်ကြီးမကြိုက်ဘူး"
"သခင်ကြီးဆိုတာ တံခွန်ကြယ်ရဲ့ဘဲကြီးကိုပြောတာလား"
"မင်း ငါ့ရဲ့သခင်ကို မလေးမစားမလုပ်နဲ့"
"ကိုကိုကစိတ်ဆိုးနေတာချစ်စရာလေး"ရှိန်းလည်း သူ့အားရန်တွေ့နေသော ရှေ့ကလူကြီးအား အသည်းယားလာသည်။
"ဒီမှာ..စကားပြောဆင်ခြင်"
"ဟင်..ကိုကိုကလည်း ချစ်ဖို့ကောင်းလို့ကောင်းတယ်ပြောတာကို စိတ်ကြီးပဲ"
YOU ARE READING
The little king of the vampire
VampireVampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်သူတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိပါ။စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ #Start Date-6.5.2021 #Star Ella #Cover crd