Uni
~~~"အင်း~~ကိုကို"
"Babyလေးနိုးပြီလား....လန်းဆန်းသွားသလိုခံစားရလား"
VEEဆေးထည့်ပြီးတော့သူ့ကလေးလေးအိပ်နေတာကိုတစ်စိမ့်စိမ်ထိုင်ကြည့်နေရင်း လှုပ်စိလှုပ်စိဖြင့် နိုးလာပြီး သူ့အားအော်ခေါ်နေတဲ့ကလေးလေးကိုအသည်းယားရပြန်ပြီ။
"အင်း...နိုးပြီ..ကိုကိုဘယ်နှနာရီရှိပြီလဲ"
"ခုမှနေ့လယ်12ပဲရှိသေးတယ်Babyရဲ့"
"အင်း~~အဲ့တာကြောင့်ထင်တယ်Babyဗိုက်ဆာနေတာ"
ဗိုက်ကလေးအားပွတ်ကာVEEရဲ့ပေါင်ပါ်ကိုခေါင်းပြောင်းအုန်းလိုက်ပြီး သူဗိုက်ဆာနေတဲ့အကြောင်း အိပ်ချင်မူးတူးလေးဖြင့်ပြောနေလေသည်။
"အ့!!"
လက်ခုံကပူလောင်မှုကြောင့်ဆက်ကနဲငုတ်တုတ်ထထိုင်လိုက်မိသည်။
*ဟုတ်သားပဲကိုကို့ကိုထိလို့မရတာကိုမေ့သွားတာ*
"Babyဘာဖြစ်လို့လဲ!!...ဘယ်နားကနာလို့လဲ..ကိုကို့ပေါင်ကအရမ်းမာနေလို့ ခေါင်းနာသွားတာလားဟုတ်လား..."
VEEလည်းပေါင်ပေါ်ခေါင်းအုန်းပြီးချက်ချင်းထအော်တဲ့သူ့ကလေးလေးကြောင့်ပြာပြာသလဲဖြစ်သွားရလေသည်။
"မဟုတ်..မဟုတ်ပါဘူးကိုကိုရဲ့"
"အဲ့တာဆိုဘာဖြစ်တာလဲ..Babyကိုကိုသတိထားမိနေတာကြာပြီ..တစ်ချက်တစ်ချက်ထထအော်နေတာ Babyကိုကို့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရမလား...ဘယ်သူကBabyလေးကိုထိခိုက်အောင်လုပ်ထားတာလဲ..အဲ့လူကို ကိုကိုအရှင်မထားဘူး..သွားသတ်မှာ!!!!"
Vaselလေးရဲ့လက်မောင်းလေးအားဖွဖွလေးကိုင်ကာစိုးရိမ်တကြီးမေးနေတဲ့ကိုကိုကVaselလေးအတွက်ကိုယ်ရံတော်လို။တခြားသူတွေအတွက်တော့ကိုကိုကနတ်ဆိုးသဖွယ်ပေါ့
"စိတ်လျှော့ပါကိုကိုရဲ့...Babyကဗိုက်ဆာလို့ပါ...ကိုကိုရှိနေသ၍Babyကိုဘယ်သူ့မှထိခိုက်အောင်မလုပ်နိုင်ပါဘူး..ဟုတ်တယ်မလား"
*လက်ခုံကတော်တော်လေးပူနေပြီ...ရုန်းလိုက်ရင်လည်းကိုကိုစိတ်မကောင်းဖြစ်နေလိမ့်မယ်..ဒုက္ခပါပဲ*
YOU ARE READING
The little king of the vampire
VampireVampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်သူတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိပါ။စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ #Start Date-6.5.2021 #Star Ella #Cover crd