Uni
.....ကိုကိုဟာလေ ယုန်နဲ့တောင်လိုက်တွက်ကပ်နေတဲ့ ကလေးဆိုးလေး..သူ့ကိုကလေးလေးလို့ပြောရင်လည်းမကြိုက်ချင်ပြန်ဘူး...သူ့ကိုယ်လုံးကြီးကိုယုန်လေးတွေလိုရင်ခွင်ထဲထည့်ပြီးပွေ့ထားရင်အသက်ထွက်ရချည်ရဲ့
"ယုန်လေးတွေလိုသေးပေးလေ...အဲ့တာဆိုရင်ခွင်ထဲနေ့ရောညပါထည့်ထားပေးမယ်"
"တကယ်လား...ယုန်လိုသေးရင်ရတယ်မလား"
"ဟိတ်..ဟိတ်..လင်းနို့ပုံပြောင်းလို့မရဘူးနော်.."
ညဏ်များတဲ့ကိုကိုကလင်းနို့ပုံပြောင်းတော့မယ်ဆိုတာကြိုသိပြီးသား...
"အလည်လေး...ကိုကိုအမြုတေပြန်ရမှတွေ့မယ်"
"ခစ်..ခစ်..ကိုကို့Babyလေးပဲအဲ့လောက်တော့လည်ရမှာပေါ့"
ကိုကိုနဲ့စကားပြောနေတာကိုအာရုံရောက်နေတုန်း ပေါင်ပေါ်ကပေါ့သွားသလိုခံစားလိုက်ရတာကြောင့် ငုံ့ကြည့်လိုက်တော့ ပေါင်ပေါ်မှာယုန်လေးရှိမနေတော့..ဘေးဘက်ကိုဝေ့ဝဲကြည့်လိုက်မှ ထွက်ပေါက်ဆီ ခုန်ခွခုန်ခွနဲ့သွားနေတဲ့ယုန်လေးကိုတွေ့
ရသည်။"ကိုကိုBabyယုန်လေးကိုသွားခေါ်လိုက်ဦးမယ်နော်"
"ပြေးမသွားနဲ့နော်Baby"
"ဟုတ်"
ကိုကို့ကိုဟုတ်တစ်လုံးတည်းသာပြန်ဖြေလိုက်ပြီး ယုန်လေးနောက်အမြန်လိုက်ရတော့သည်။အနောက်ကနေ ဖြေးဖြေးသွားဖို့အော်ပြောနေတဲ့ကိုကို့ရဲ့အသံကြားတာကြောင့် ကိုယ်ရှိန်သတ်ပြီး နောက်လှည့်ကာ ကိုကို့ကိုလျှာထုတ်ပြလိုက်သည်။ကိုကို့ကခေါင်းအားဘယ်ညာယမ်းကာပြုံးရင်း
"ကိုကို့ကိုပြောင်ပြမနေနဲ့...ယုန်ကအပြင်ရောက်နေပြီ"
ကိုကို့စကားကြောင့် နောက်လှည့်ကြည့်လိုက်တော့ ယုန်လေးကိုတောင်မတွေ့တော့။ကိုကို့ကိုကျောခိုင်းလိုက်ပြီး
အပြင်ထွက်သွားတဲ့ ယုန်လေးကိုသွားခေါ်ရန် ခြေလှမ်းတွေကို
ထွက်ပေါက်ဆီဦးတည်လိုက်သည်။အပြင်ရောက်တာနဲ့ယုန်လေးကိုတန်းပြီးတွေ့မယ်ထင်ထားပေမဲ့ဘာကောင်မှမတွေ့ရတာကြောင့်Vaselလေးဘေးပတ်လည်ကိုဝေ့ဝဲကြည့်လိုက်တော့ ကျောခိုင်းပြီးရပ်နေတဲ့
ယောကျာ်းကြီးတစ်ယောက်က်ိုတွေ့လိုက်ရလေသည်။ကျောခိုင်းရပ်နေတဲ့ ယောကျာ်းကြီးရဲ့ အရပ်ကထန်းပင်ထက်တောင်မြင့်ရင်မြင့်နိုင်ပါသေးသည်။ကိုယ်လုံးကြီးကလည်းနည်းတာကြီးမဟုတ်ဘူး။
YOU ARE READING
The little king of the vampire
VampireVampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်သူတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိပါ။စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ #Start Date-6.5.2021 #Star Ella #Cover crd