🦇Vee🦇
.........."သခင်ကြီး...လက်ဆက်တဲ့သွေးတွေပြင်ဆင်ထားပါတယ်"
တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဝတ်ထားသောလူတစ်ယောက်က နောက်မှီကုလားထိုင်မှာ နောက်ကျောပေးပြီးထိုင်နေတဲ့ လူတစ်ယောက်ကိုပြောလိုက်လေသည်။
"ဟုတ်ပြီ....ပြင်ဆင်ထားတယ်မလား ငါကိုယ်တိုင်သွားစစ်ဆေးမယ်"
ထိုထိုင်နေတဲ့လူကအေးစက်စက်လေသံဖြင့်ပြောပြီး အခန်းထဲမှထွက်သွားလေသည်။
အခန်းထဲရောက်တော့ စားပွဲပေါ်တွင် တင်ထားတဲ့သွေးခွက်ကို သေချာကြည့်ပြီး
"တောက်!!!ဒါလားလက်စက်တဲ့သွေး။ငါသောက်သုံးချင် တာ အပျိုစင်သွေးဆိုတာမင်းမသိဘူးလား!!!$သုံးတစ်စက်မှမကျဘူး။လပြည့်ညမှာအပျိုစင်သွေးမသောက်ရရင် ငါ့သတ်တမ်းတစ်ဝက် လျှော့မယ်ဆိုတာမသိလို့လား!!ဖြေလေ..!"
"တောင်း...တောင်းပန်ပါတယ်သခင်ကြီး...အပျိုစင်ထင်လို့ သတ်ပြီးသွေးကိုယူလာခဲ့တာပါ"
"မင်းအပျိုစင်ဟုတ်လားမဟုတ်လား အနံ့မခံနိုင်ဘူးလား။မင်းနှာခေါင်းက အနံ့မခံနိုင်တော့ဘူးလား"
"တောင်း...တောင်းပန်ပါတယ် နေကလည်းထွက်ဖို့ သိပ်မလိုတော့တာမို့ သေချာအနံ့မခံနိုင်ပဲ အမြန်ယူလာခဲ့ရလို့ပါ။"
"ထားတော့...နောက်တစ်ခါအဲ့လို နမော်နမဲ့တွေမလုပ်နဲ့။ခုတော့ ငါ့ဘာသာသားကောင်သွားရှာတော့မယ်"
ဒေါသတကြီး အလိုက်မသိတဲ့ကိုယ်ရံတော်အား အော်ငေါက်ပြီးဝတ်ရုံရှည်ကြီးကို တစ်ချက်ဝှေ့၍ လင်းနို့ပုံစံပြောင်းကာ ကောင်းကင်ပေါ်သို့ ပျံသန်းပျောက်ကွယ်သွားလေသည်။
ဟုတ်တာပေါ့။VEEဆိုတာလူမှမဟုတ်ပဲ သူကVampireတစ်ကောင်ပဲလေ။VEEက ကျန်တဲ့အချိန်တွေဆို ကြိုက်တဲ့လူရဲ့သွေးကိုသောက်သုံးနိုင်ပေမဲ့ လပြည့်ညဆို အပျိုစင်သွေးကျိန်းသေပေါက်သောက်ရတယ်။
အရေးကြီးတာတစ်ခုက လပြည့်ညမှာ အပျိုစင်သွေးမဟုတ်ပဲ လူပျိုတစ်ယောက်ရဲ့သွေးကိုသောက်လိုက်မိရင်တော့ အဲ့လူသားလေးက VEEရဲ့ကြင်ယာတော်ကျိန်းသေပေါက် ဖြစ်ရလိမ့်မယ်။
ESTÁS LEYENDO
The little king of the vampire
VampirosVampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်သူတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိပါ။စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ #Start Date-6.5.2021 #Star Ella #Cover crd