ဇီးကွက်အော်သံသဲ့သဲ့ကြားတာကြောင့် VEEလည်းနားပါးသူပီပီ အိပ်နေရာမှနိုးလာလေသည်။ရင်ဘက်ပေါ်တွင်လေးနေသော ခံစားချက်ကြောင့် ငုံ့ကြည့်လိုက်တော့သူ့ရဲ့ နှလုံးသားကိုအပိုင်ဆိုးထားတဲ့ရှင်သခင်လေး။
*Babyလေးရယ် ဘယ်လိုတွေတောင်အိပ်နေတာလဲကွာ။ဇာတ်တွေနာကုန်တော့မှာပဲ*
"အင်း~~~~"
VEEတွေးလို့ပင်မဆုံးသေး ရင်ဘက်အားကြောင်လေးသဖွယ်ခေါင်းလေးဖြင့်တိုးကာ ပြန်အိပ်သွားသောဖြစ်ရသူလေးကြောင့် အသည်းယားရပြန်သည်။VEEရဲ့ခါးအားသူ့ရဲ့လက်သေးသေးလေးများဖြင့်ဖတ်ထားသည်မှာလည်း တင်းတင်းကြပ်ကြပ် ။Babyကကိုကို့ကို ပြုံးအောင်လုပ်နိုင်တဲ့ ဂျိုကာလေးပဲ။
*Babyလေးအေးနေလို့ထင်တယ်* စောင်ခြုံပေးရန်နည်းနည်းလှုပ်လိုက်တော့
"အင်းးးးးးကိုကိုကကွာ လှုပ်ရွနေတာပဲ။သူများအိပ်နေတာကို"
"sorryပါဗျာ...ကိုကိုက Babyလေးကိုစောင်ခြုံပေးချင်လို့ပါ"
*ဟင်...ငါဘယ်ရောက်နေတာလဲ။နေပါဦးဒီမာမာကြီးကဘာကြီးလဲ။*VEEရဲ့ရင်ဘတ်အား ဟိုပွတ်ဒီပွတ်လုပ်ပြီး စဥ်းစားနေတော့သည်။
"ဟိတ်...ကိုကိုပြောတာကြားလား။ကိုကိုရဲ့ရင်ဘတ်ကိုဘာထင်နေလို့လဲ အသည်းလေး"
"ဟင်..အား!!ကိုကို...ကဘာလို့Babyရဲ့ အောက်..အောက်မှာလာနေနေရတာလဲ"သူ့ကိုကိုရဲ့ ရင်ဘတ်ပေါ်မှဆင်းကာ ဘေးတွင်ထိုင်ရင်းမေးလိုက်လေသည်။
"အမယ်..ကိုကိုကပဲ လာနေတယ်ဖြစ်ရသေးတယ်။Babyပဲညက"
"ည..ည..က..ဘာ.ဘာဖြစ်လို့လဲ။ဟေ့လူကြီး..ကျွန်တော် ခ..ဗျားကိုဘာမှမလုပ်ဘူးလေ။ဒါမှမဟုတ်....ကိုကို Babyကိုဘာ..ဘာ..လုပ်လိုက်သေးလဲ"
"ဘာလုပ်မယ်ထင်လဲ"VEEလည်း မျက်ခုံးတစ်ဖတ်ပင့်ကာ ပြုံးစိစိဖြင့်မေးလိုက်လေသည်။
"......"Vaselလေးဘာမှပြန်မပြောတိုင်ပဲညကအကြောင်းအတွေးနယ်ချဲ့နေတော့သည်။
"ဟားးးးဟားးးဒီငတုံးလေးကိုစရတာ ပျော်ဖို့အကောင်းဆုံးပဲ။Babyလေးကိုဘာမှမလုပ်ပါဘူးကွာ။ညအိပ်ဝတ်စုံတောင် မရှိမဲ့ရှိမဲ့အစွမ်းလေးနဲ့လဲပေးလိုက်တာပါ။
YOU ARE READING
The little king of the vampire
VampireVampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်သူတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိပါ။စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ #Start Date-6.5.2021 #Star Ella #Cover crd