Why to me? Why?

4.7K 399 36
                                    

Episode (4)

"ဘယ်​လို ... အခုထိ မင်္ဂလာကိစ္စမကြားရ​သေးလို့ Papa က ဒီထိလိုက်​လာမယ်​တဲ့လား၊ ဘာပဲဖြစ်​ဖြစ်​ ​နောက်​လလက်​ထပ်​ကြ​တော့မှာပဲကို၊ Papa ကို အဲ့​တော့မှလာလည်းရတယ်​လို့ ​ပြောလိုက်​ပါလား Xing Ge ရယ်​၊ Papa ​တော့ ခရီးပန်း​နေ​တော့မှာပဲ"

Xing Ge စကား​ကြောင့်​ Papa အတွက်​ Tao စိတ်​ပူမိပါတယ်​။ ကျန်းမာ​ရေးလည်း မ​ကောင်းဘဲနဲ့ Tao မင်္ဂလာကိစ္စအတွက်​ စိတ်​ပူလို့ဆိုပြီး Wu အိမ်​​တော်​ထိလိုက်​လာမလို့တဲ့​လေ။ ခရီးက လှမ်းပါဘိနဲ့။

"Ge လည်း Papa ကို နားချပါတယ်​ Xiau Mei ရယ်​၊ Papa ကိုက စိတ်​မချလို့ဆိုပြီး လိုက်​လာချင်​​နေတာ၊ တားလည်းရမှာတဲ့လား၊ Papa အ​ကြောင်းလည်းသိရဲ့သားနဲ့၊ ဒါ​ပေမယ့်​ Papa စိတ်​ပူရင်​လည်း စိတ်​ပူစရာပါပဲ၊ အခုထိ သမက်​​လောင်းဆီက ဘာဘာညာညာစာလွှာပါးတာမျိုးမှမရှိဘဲ၊ အမှန်​ဆို ​နှုတ်​ဆက်​စာဖြစ်​ဖြစ်​ တစ်​ခုခု​တော့ ​ရောက်​သင့်​ပြီ​လေ၊ Mei ကို သူက သ​ဘောမကျဘူးတဲ့လား"

Xing Ge စကားက Tao ကို အရှိုက်​ထိသွား​စေပါတယ်​။ အမှန်​က Yifan ... သူ Tao ကို သ​ဘောကျလားမကျလား Tao ကိုယ်​တိုင်​​တောင်​ အခုထိ ​ဝေခွဲလို့မရနိုင်​​သေးတဲ့ အ​ခြေအ​နေပါ။ ​သေချာတာ​တော့ ချယ်​ရီ​တောကြီးထဲ နှစ်​​ယောက်​အတူသွားခဲ့ကြပြီးကတည်းက Yifan မျက်​နှာကို Tao ထပ်​မမြင်​ရ​တော့။ Tao အ​ဆောင်​ဆီလည်းမလာ၊ Tao ကလည်း သူ့အ​ဆောင်​ထဲကမထွက်​၊ ဒီလိုနဲ့ပဲ အချိန်​တစ်​လထပ်​ကုန်​ခဲ့တယ်​​လေ။

Tao ရင်​ထဲ မတင်​မကျ​တော့ဖြစ်​မိသား။ Yifan တကယ်​ပဲ Tao ကို စိတ်​မဝင်​စားဘူး​ပေါ့။ အခု Xing Ge ရဲ့​မေးခွန်း​ကြောင့်​ Tao ​ခေါင်းထဲ ​တွေးစရာ​တွေထပ်​​ပေါ်လာပြန်​ပါတယ်​။ Yifan ဘာ​တွေများ အလုပ်​ရှုပ်​​နေလို့ Tao ​ဆီ တစ်လလုံးလုံး တစ်​​ခေါက်​​လေး​တောင်​မှ ​ရောက်​မလာခဲ့တာလဲ။ တကယ်​ဆို သိပ်​မကြာခင်​မှာပဲ Tao က သူ့ကြင်​ယာ​တော်​​ဖြစ်​​တော့မှာပဲကို။

"Tao ..Tao .. ​မေး​နေတာ​ဖြေ​လေ၊ Yifan နဲ့ အဆင်​မ​ပြေဘူးလားလို့"

စိတ်​ပျက်​လက်​ပျက်​နဲ့ပဲ Tao ​ခေါင်းကိုရမ်းခါပြလိုက်​တယ်​။ Tao လိမ်​လိုက်​သလိုများဖြစ်​သွားပြီလား။ အမှန်​က Yifan နဲ့ အဆင်​​ပြေဖို့​နေ​နေသာသာ ဒီရက်​​တွေထဲ Yifan အသံ​လေး​တောင်​မှ မကြားခဲ့ရ။ ဒီပုံစံနဲ့ဆို Yifan နဲ့ Tao ရဲ့ မင်္ဂလာပွဲဆိုတာ ဖြစ်​​ကောဖြစ်​လာနိုင်​ပါဦးမလားလို့​တောင်​ သံသယဝင်​လာမိပါရဲ့။

Love BlossomWhere stories live. Discover now