Episode (3)
Zi Tao ရဲ့အဆောင်ထဲကထွက်လာပြီး အပြင်ရောက်တော့ Yifan နောက်ကိုပြန်လှည့်ကြည့်ရင်း ပြုံးလိုက်မိတယ်။ ဘာကြောင့်မှန်းတော့ သူ့ကိုယ်သူလည်းမသိ။ ဒါပေမယ့် Tao ဆိုတဲ့ကောင်မလေးက သူထင်ထားသလို လူရိုင်းမလေးတစ်ယောက်နဲ့ မတူတာကိုတော့ သူအံ့သြမိပါတယ်။ သူတို့ဒေသက တခြားမိန်းကလေးတွေလို ဖြူဖွေးဥနေတဲ့အသားအရည်မျိုးမဟုတ်ပေမယ့် သူ့ဟာနဲ့သူတော့ ကြည့်ကောင်းပြီး အဆိုးကြီးမဟုတ်ဘူးလို့တော့ ထင်တာပါပဲ။
Yifan စိတ်ထဲ အခုထိမြင်ယောင်နေမိတာတော့ Tao ရဲ့ မျက်ဝန်းတွေပါ။ Tao မျက်ဝန်းတွေက မှိန်ဖျော့ဖျော့လေးဖြစ်နေပြီး မျက်လုံးတစ်ဝိုက်မှာတော့ မျက်ကွင်းညိုသလိုလို အညိုဝိုင်းဝိုင်းကြီးတွေရှိနေတယ်။ သူ Taoကို စမြင်လိုက်တုန်းက Panda ပေါက်စလေးတစ်ကောင်လို့တောင် ထင်လိုက်မိပါရဲ့။ မျက်ကွင်းညိုညိုဝိုင်းဝိုင်းကြီးတွေက တော်ရုံတန်ရုံမှမဟုတ်ဘဲလေ။ ဒီကြားထဲ သူ့ကို အံ့သြတကြီးနဲ့ ပြူးပြဲပြီးကြည့်နေလိုက်သေးတယ်။ Tao ကိုကြည့်ပြီး Yifan ရယ်ချင်စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်။ ပထမက သူ့ Xiao Mao ကို Tao စီးတယ်လို့ကြားတော့ ဒေါသထွက်ပြီး ကောင်းကောင်းလေးပြောပစ်လိုက်ဦးမယ်လို့ တွေးပြီးလာခဲ့ပေမယ့် Tao ကို မြင်လိုက်ရတဲ့အခါကျတော့ ဆူချင်စိတ်ပျောက်သွားပြီး ဘာဆိုဘာမှကိုမပြောရက်တော့။ ဒါနဲ့ပဲ နောက်တစ်ခါမစီးနဲ့ဆိုတာပဲပြောပြီး Tao အဆောင်ထဲက ပြန်ထွက်လာခဲ့လိုက်တယ်။ သူ့ကိုယ်သူလည်း ဘာဖြစ်သွားမှန်းကိုမသိတော့ပါဘူး။ သေချာတာတော့ Huang Zi Tao က သူထင်ထားသလို ကြမ်းကြမ်းတမ်းတမ်း နဲ့ခပ်ဆိုးဆိုး လူရိုင်းမလေးတစ်ယောက် မဟုတ်ဘူးဆိုတာတော့ Yifan လက်ခံလိုက်မိပြီလေ။
_______________________________________
Yifan သူ့ရှေ့က ပစ်မှတ်ကိုသေသေချာချာကြည့်ရင်း လက်ထဲကလေးကို နေရာနည်းနည်းပြန်ရွှေ့ပြီးချိန်လိုက်တယ်။ ဒီလောက်ဆိုရင်တော့ စက်ဝိုင်းအလယ်ဗဟိုတည့်တည့်ဆိုတာ သေချာနေလောက်ပါပြီ။ အတွေးဆုံးတာနဲ့ သူ့လက်ထဲက မြားလေးက အရှိန်နဲ့ပြေးထွက်သွားပြီး သူချိန်ရွယ်ထားတဲ့ဗဟိုချက်တည့်တည့်ဆီ ထိုးစိုက်သွားတာမို့ Yifan ဂုဏ်ယူဝင့်ကြွားတဲ့အပြုံးနဲ့ သူ့ကိုအားပေးနေကြတဲ့လူအုပ်ကြီးဘက် လှည့်ကြည့်လိုက်တယ်။
YOU ARE READING
Love Blossom
Randomအချစ်တစ်ခုမွေးဖွားဖို့အတွက် နှလုံးသားတစ်စုံထပ်တူကျနေဖို့ပဲလိုပါတယ် ^^