Cute impression

3.5K 303 3
                                    

Episode (2)

"မင်း တကယ်​ပဲ ကြင်​ယာ​တော်​ကို သွားမ​တွေ့ဘူးလား"

Luhan အ​မေးကို သူ စိတ်​မဝင်​စားတဲ့ပုံနဲ့ Xiao Mao ​ပေါ်ကို ခုန်​တက်​လိုက်​တယ်​။ Xiao Mao က Yifan အချစ်​ဆုံးမြင်းမ​လေးပါ။ တစ်​​ကောင်​တည်း​သော မြင်းဖြူ​လေးဆိုလည်း မမှားပါဘူး။

Luhan က သူ့စကားကိုဂရုမစိုက်​ဘဲ Xiao Mao ကိုပဲ ပွတ်​သပ်​ပြီး ပြုံးရယ်​​နေတဲ့ Yifan ကို စိတ်​မရှည်​ဖြစ်​လာတာ​ကြောင့်​ တစ်​ခုခုထပ်​​ပြောဖို့ကြံရင်း Xiao Mao ရဲ့ ဇက်​ကြိုးကိုကိုင်​လိုက်​မိတယ်​ဆိုရင်​ပဲ

"Luhan ... ငါ ဘာ​ပြောထားလဲ .. Xiao Mao ကို ငါကလွဲပြီး ဘယ်​သူမှမထိရမကိုင်​ရဘူးလို့ ​ပြောထားတာ​မေ့သွားပြီလား"

Yifan က ​ပြောလည်း​ပြော မြင်း​ပေါ်က​နေလည်း ခုန်​ဆင်းချလာပြီး Luhan အင်္ကျီစကို ကိုင်​​ဆောင့်​လိုက်​တယ်​။ Luhan အတွက်​​တော့ Yifan ရဲ့ အထိုးကိုခံ​နေကျမို့ အဆန်းတကြယ်​ဖြစ်​​မ​နေ​တော့ဘဲ သူ့မျက်​နှာကို Yifan ​မြှောက်​ထားတဲ့လက်​သီးနား တိုးကပ်​​ပေးလိုက်​တယ်​။

"ထိုး​လေ .. မင်းထိုး​နေကျ ဖွဲအိတ်​လိုမျိုး ထိုးထည့်​လိုက်​စမ်းပါ၊ တစ်​ခါတစ်​​လေကျ ငါ အံ့သြမိတယ်​ Yifan ... မင်းရဲ့ ညီအစ်​ကိုတစ်​ဝမ်းကွဲဖြစ်​တဲ့ ငါ့ကို မြင်းတစ်​​ကောင်​​လောက်​​တောင်​မှ အ​လေးမထားပါလားလို့​"

Yifan Luhan ကိုရွယ်​ထားတဲ့ သူ့လက်​သီးသူပြန်​ရုတ်​လိုက်​တယ်​။ ငယ်​ငယ်​တုန်းက စိတ်​တိုလာတိုင်း Luhan မျက်​နှာ​ချော​ချောနုနု​ပေါ်ကို သူ့လက်​သီးချက်​​တွေပစ်​တင်​ပြီး စိတ်​​ဖြေခဲ့​ပေမယ့်​ အခုက​တော့ နှစ်ယောက်​စလုံး အသက်​ပဲ ၂၀​ကျော်​လာခဲ့ကြပြီမို့ ထိုးတာကြိတ်​တာ​တွေ သူမလုပ်​ချင်​​တော့။ ပြီး​တော့ ​နောက်​မကြာခင်​ကာလအ​တောအတွင်းမှာပဲ ​ခေါင်း​ဆောင်သစ်​အပ်​နှင်း​တော့မှာမို့ သူ့အဖို့ သူ့ရဲ့​ကောင်းမွန်​တဲ့ပုံရိပ်​​တွေကိုပဲ ပြသ​ပေးရမယ့်​အချိန်​မဟုတ်​လား။

သူ Luhan ကို လွှတ်​​ပေးလိုက်​ပြီးတာနဲ့ Xiao Mao ​ပေါ်ပြန်​တက်​ပြီး သူသွား​နေကျ ချယ်​ရီ​တောထဲသွားဖို့ပြင်​ပြီး ဆုပ်​ကိုင်​ထားတဲ့ ဇက်​ကြိုးကို​လျှော့​ပေးလိုက်​တယ်​ဆိုရင်​ပဲ အလိုက်​သိတဲ့ Xiao Mao က သာသာ​လေးတစ်​ချက်​ ဟီလိုက်​ပြီး Wu အိမ်​​တော်​အပြင်​ဘက်​ကို ဦတည်လိုက်​ပါ​တော့တယ်​။

Love BlossomWhere stories live. Discover now