Episode (1)
"သခင်လေး .... Huang မျိုးနွယ်စုက ကြင်ယာတော်လောင်း ဆက်သလာပါပြီ၊ ကြိုဆိုဖို့အတွက် သခင်လေးကို သခင်မကြီးခေါ်ခိုင်းလိုက်ပါတယ်"
အထိန်းတော်ကြီးရဲ့စကားကြောင့် တင်လက်စလေးညှို့ကိုပြန်လျှော့လိုက်ပြီး သူလှည့်ကြည့်လိုက်တယ်။ အထိန်းတော်ကြီးက မယ်မယ့်အမိန့်ကြောင့် လာသာခေါ်ရတယ်၊ သူ့မျက်နှာကိုတောင်မော့မကြည့်ဝံ့ရှာ၊ ခေါင်းကို တစ်ချိန်လုံးအောက်စိုက်ထားပြီး တုန်တုန်လှုပ်လှုပ်နဲ့ပဲ သူ့ဆီက အဖြေစကားကိုစောင့်နေရှာတယ်။ အိမ်ထိန်းကြီးကို ကြည့်နေရာကနေ သူ အရှေ့ဘက်ပြန်လှည့်လိုက်ပြီး လက်ထဲကလေးကြိုးကို တင်းနေအောင်ဆွဲလိုက်တယ်။ နောက်တော့ သူ့လက်ထဲက မြားလေးက လေကိုအရှိန်နဲ့ထိုးခွင်းသွားပြီး ပစ်မှတ်တည့်တည့်မှာ ဒုတ်ခနဲသွားစိုက်တာတွေ့လိုက်ရမှ သူကျေကျေနပ်နပ်ပြုံးလိုက်ပြီး အထိန်းတော်ကြီးလက်ထဲကို သူ့လေးနဲ့မြားထိုးပေးလိုက်တယ်။
"ကျုပ်မလာနိုင်ဘူးလို့ မယ်မယ့်ကိုပြောလိုက်"
သူ့စကားအဆုံး ချက်ချင်းပဲ အထိန်းတော်ကြီးရဲ့ မျက်နှာညှိုးကျသွားပြီး ဘာစကားတစ်ခွန်းမှမဆိုဘဲ လာရာလမ်းအတိုင်း လှည့်ထွက်သွားပါတော့တယ်။
သူက စကားတစ်ခွန်းကို နှစ်ခါမပြောတတ်ဘူးဆိုတာ အထိန်းတော်ကြီးသိနေတာပဲလေ။
Yifan ဘဝမှာ သူ့စကားတစ်ခွန်းမဆုံးသေးခင် သူ့ဆန္ဒတွေက အမြဲပြည့်ဝလာစမြဲမို့ စကားအပိုတွေမပြောတတ်။ ခုလည်း ကြင်ယာတော်ကိစ္စတဲ့။ သူ နှစ်ခါထပ်မပြောချင်ပေမယ့် ပြောရဦးမယ်။ သူက သူ့ထက် အမျိုးဇာတ်နိမ့်တဲ့သူတွေကိုဆို မပတ်ကိုမပတ်သတ်ချင်တာ၊ အကုန်လုံးက စိတ်ရှုပ်စရာကောင်းလောက်အောင် စုတ်ပြတ်သတ်နေတဲ့သူတွေချည်းပဲ။ ဒီကြင်ယာတော်ဆိုတဲ့တစ်ယောက်လည်း အဲ့ဒီလိုအတန်းအစားတွေထဲကပဲမို့ ကြင်ယာတော်လို့ပြောရတာတောင် သူ့အတွေးတွေထဲ ယားကျိကျိဖြစ်လာမိပါရဲ့။
YOU ARE READING
Love Blossom
Randomအချစ်တစ်ခုမွေးဖွားဖို့အတွက် နှလုံးသားတစ်စုံထပ်တူကျနေဖို့ပဲလိုပါတယ် ^^