part(1)

7.1K 265 4
                                    

"ရိပေါ်ဝင် "

"ဟုတ်"

အင်မတန်ကြီးကျယ်ခမ်းနားလွန်းတဲ့ အိမ်ကြီးထဲသို့ ဝမ်ရိပေါ်ဆိုသည့် ကောင်လေး ရောက်လာခဲ့သည်

ဝါး တော်တော်ကိုကြီးပြီး ထည်ဝါလွန်းတဲ့ အိမ်ကြီးပဲ အိမ်ထဲက ပရိဘောက ပစ္စည်းမှန်သမျှ အ ကောင်းစားတွေချည်းပဲ အိမ်မက်ထဲမှာတောင်စိတ်ကူးယဉ်ကြည့်လို့မရနိုင်တဲ့ အ ကောင်းဆုံးသော ပစ္စည်းတွေ ဒါတွေကို ဒီလူကြီး တကယ်ပိုင်တာလား မိုက်လိုက်တာ

"သူဌေး!"

အ ပြေးအလွှား ရောက်လာကျတဲ့ သူတွေ ဒီအိမ်က အိမ်ဖော်တွေလား ဟင် ဒီလောက်များလား

"မင်းတို့ အားလုံးမှတ်ထားကျ ဒါငါနဲ့တရားဝင်လက်ထပ်ထားတဲ့ ဝမ်ရိပေါ် သူက ဒီအိမ်မှာ အခုက စပြီးနေမှာ သူ့အတွက် မင်းတို့လိုအပ်တာအားလုံးစီစဉ်ပေးရမယ် လုပ်ပေးရမယ် ကြားလား"

"ဟုတ်ကဲ့ပါ သူဌေး"

"ရိပေါ် ဒါက ဒီအိမ်ရဲ့ အိမ်အကူတွေ "

"ဟင် အဲ့လောက်များတယ်"

"ဘာဖြစ်လို့လည်း"

"ဟင့်အင်း မဖြစ်ပါဘူး "

"ကိုယ် သူတို့နာမည်တွေ ပြောပြ ပေးမယ် ဒီဘက်က ကောင်မ လေး၃ယောက်က ဒီအိမ်ရဲ့မီးဖိုချောင်တာဝန်ယူထားတာ သူက မီမီ သူက စီစီသူက ရီရီ ဒီ၃ယောက်ကကျတော့ သန့်ရှင်းရေးတာဝန်ယူတာ သူက အားဆု သူက အားချင် သူက အားဝေ သူက တော့ ဒီက အိမ်အကူတွေကိုကြီးကြပ်တဲ့ အိမ်တော်ထိန်း ဒေါ်မုလုံ ဒီက ခြံစောင့် ဦးကျို ဒါက ခြံထဲက အလုပ်သမားတွေ "

"အော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ခဗျ"

"ရိပေါ်ပင်ပန်းနေပြီမလား လာအ ပေါ်တက်နားရ အောင်"

"ဟုတ်"

ရှောင်းကျန့် ဆိုသည့် လူကြီးခေါ်ရာသို့ ရိပေါ် လိုက်ပါသွားရသည် လှေကားရှည်ကြီးကို တက်ပြီးတော့ ညာဘက်ထောင့်က အခန်းထဲဝင်သွားရသည်

"ဒါကိုယ့်အခန်းပဲ"

"'ဟင် ကျတော်က လူကြီးနဲ့ အတူနေရမှာလားဟင်"

"ဘာလို့လည်း ကိုယ်တို့ လက်ထပ်ပြီးပြီလေ"

"လူကြီးပြောတော့ ကျတော်အရင်လိုပဲ လွတ်လွတ်လပ်လပ်နေရမှာဆို"

ကောင်လေးရဲ့လူကြီးWhere stories live. Discover now