part(2)

2.9K 191 2
                                    

မနက်မိုးလင်းတော့ ရှောင်းကျန့်ကို ခွ ထားတဲ့ ရိပေါ် 

ရှောင်းကျန့် လည်း ခွထားတဲ့ ရိပေါ် ခြေ ထောက်တွေကို ဖယ်ကာဟအိပ်ယာမှ ထလိုက်သည်

မနက်ခြောက်နာရီထိုးဆိုဟအမြဲရှောင်းကျန့် အိပ်ယာထ တတ်သည် အလုပ်က ၈နာရီဆိုသူသွားပြီ မနက် အိပ်ယာထတာနဲ့ morning exercise လုပ်သည် ပြီးရင် ရေချိုး နံနက်စာစား ပြီးမှ အလုပ်သွားတာ

ရိပေါ်က တော့ အိပ်ချင်လည်း အိပ်ပါစေဦးပေါ့

ရှောင်းကျန့် သူအရင်ထပြီး မျက်နှာသစ်ကာ ကိုယ်ပိုင်gymခန်းလေးထဲဝင်ကာ လေ့ကျင့်ခန်းလုပ်နေသည်

သူလေ့ကျင့်ခန်းလုပ်ပြီး ရေချိုးသည် ရေချိုးပြီးတော့ ၇နာရီတောင်ခွဲနေပြီ ဟိုကောင်လေး ခုထိမထ သေးဘူး

အကျီအမြန်လဲကာ ကောင်လေးကိုနှိုးရဦးမည်

"ရိပေါ် ရိပေါ် ထ တော့လေ"

ရိပေါ်က နှိုးမရ ပေ မရမက အိပ်နေတာ

"ထ တော့ ရိပေါ်ရဲ့ ၇နာရီခွဲပြီးနေပြီ ထ တော့ လိမ်မာပါတယ်ကွာ"

"ဟာဗျာ ကျတော်အိပ်ရေးမဝသေးဘူး"

"မရဘူး ထ တော့ဆို ခုထ ကွာ!!"

Xzအသံနည်းနည်းမာသွားသည် နဂိုထဲက လည်းသိပ်စိတ်မရှည်တတ်တော့

"ဟာ လူကြီးဗျာ လူကိုလာအော်နေတယ် အိပ်ချင်ပါသေးတယ်ဆို"

ထလာပြီးမှ သူ့ကိုရန်လုပ်ပြီး ပြန်အိပ်နေ တော့ ရှောင်းကျန့် ဒေါသ ကထွက်သွားရသည်

"ဝမ်ရိပေါ် ထစမ်း ခုချက်ချင်း"

Xzဆွဲထူလိုက်တော့ သူ့လက်ထဲအရုပ်လေးတစ်ရုပ်လိုပါလာသည်

"မင်းအပျင်းကြီးလှချည်လား နောက်နေ့က စပြီး မနက်၇နာရီဆို အိပ်ယာက ထရမယ် "

"လူကြီး! ကျတော့်ကို လွတ်လွတ်လပ်လပ်နေခွင့်ပေးမယ်လို့ လူကြီးကတိပေးခဲ့တာနော် လူကြီးက ဒီလိုတင်းကျပ်မယ်ဆို ကျတော်လူကြီးနဲ့ မ နေဖူး"

ပြောဆိုပြီး မျက်နှာမသစ် ဘာမသစ် အခန်းထဲက ထွက်သွားတဲ့ ရိပေါ်

ရှောင်းကျန့် လည်းစိတ်ညစ်သည် နဂိုထဲက စိတ်မရှည်တတ်ပါဘူးဆိုမှ ဒီဟာလေးနဲ့ငါ ရှေ့ဆက်ဘလိုနှစ်ပါးသွားရပါ့မလည်း

ကောင်လေးရဲ့လူကြီးWhere stories live. Discover now