part(14)

1.8K 127 4
                                    

မ နေ့က လူကြီးက ကိုရီးယားကို အလုပ်ကိစ္စနဲ့ သွားလေသည် လေးရက်လောက်ကြာမယ်ပြောတယ် ရိပေါ်ကို  ခေါ်သွားမလို့ လုပ်ပေမယ့် ဟိုမှာက အလုပ်ကိစ္စနဲ့ လူကြီးအလုပ်ရှုပ်နေမှာမို့ ရိပေါ် တရုတ်မှသာနေခဲ့သည် နောက်အားမှ သက်သက်တ ခေါက်အတူသွားလည်မယ်တဲ့လေ ရိပေါ်လည်း လူကြီးမရှိတော့ သိပ်ပျင်းနေတာ အိမ်မှာစားလိုက်သောက်လိုက် ညဘက် လူကြီးနဲ့vd callပြောလိုက် နဲ့သာအချိန်ကုန်စေသည်

ဒီနေ့ ပျက်းတာနဲ့ ရိပေါ် အပြင်သွားရင်း တချိန်က ကျောင်းနေဖက်သူငယ်ချင်း အားထုံ  ကွမ်းလု တို့နဲ့ဆုံသည်

"ဟာ ရိပေါ်သူငယ်ချင်း"

"မင်းတို့ အားထုံ ကွမ်းလု"

"သူငယ်ချင်း မ တွေ့တာတောင်ကြာပြီx"

"အယ် ရိပေါ် မင်း ဘောစိ တစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်ဆ်ု ကြည့်ပါဦး မင်းပုံစံက အရင်ကနဲ့ တခြားစီပဲ"

"ဒါနဲ့မင်းတို့ စာမေးပွဲပြန်ဖြေ သေးလား"

ရိပေါ် က ငယ်စဉ်ထဲက သူတို့၂ယောက်နှင့် သိကျွမ်းလာခြင်းဖြစ်သည် သူတို့နှစ်ယောက်က နည်းနည်းဂျလေဘီ ဆန်တယ် တအားဟေယ့ဟော့ရမ်းရမ်းမဟုတ်ပေမယ့် လူငယ်သဘာဝ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေသူတွေဖြစ်သည်

သူတို့လည်း ရိပေါ်လိုမနှစ်က စာမေးပွဲကျသည်
ဒါပြောင့် စာမေးပွဲပြန်ဖြေသလားဟု မေးလိုက်မိခြင်းဖြစ်သည်

"မ ဖြေပါဘူးကွာ ဘာလုပ်မှာလည်း"

"ဟုတ်တယ် စာမေးပွဲပြန်မ ဖြေပဲ ကလပ်တခုမှာ ငါတို့၂ယောက် အလုပ်ဝင်လုပ်နေတာလေ"

"ကလပ်မှာ"

"အင်း စားပွဲထိုးပေါ့ကွာ "

"အထင်မ သေးနဲ့နော် ရေလျှံတယ်"

"ဟုတ်လှချည်လား"

"မင်းက တော့အေးဆေးပေါ့ကွာ ဘောစိကိုရထားတော့"

ရိပေါ်ပြုံးလိုက်သည်

"ဒါနဲ့ ရိပေါ် ဒီည ငါတို့ကလပ်ကိုလာလည်ပါလား"

"ကလပ်ကိုဟုတ်လား"

"အင်းလေ ဘာလည်း မင်းသက်ဆိုင်သူက မလွတ်ဘူးလား မင်းသူ့ကိုကြောက်လို့လား"

ကောင်လေးရဲ့လူကြီးWhere stories live. Discover now