part(20)

1.7K 123 3
                                    

ရိပေါ်သတိရ လာတော့ လူက ကိုက်ခဲနေသည် မျက်နှာကြက်အဖြူကိုမြင်တော့ ဒါဆေးရုံပဲဟု တန်းသိလိုက်သည်

နားထဲမှာလည်း လူကြီးရဲ့ အသံကိုကြားနေရသည်

"ရိပေါ် ရိပေါ် သတိရလာပြီလား"

"လူကြီး'

"ဘယ်နားနေလို့မ ကောင်းဖြစ်နေလည်းဟင် ရိပေါ် ကိုယ့်ကိုပြော"

"ဟင်! လူကြီး ငိုထားတာလား မျက်လုံးတွေနီနေတယ် ဘာဖြစ်လို့လဲဟင် "

ရိပေါ် ကသူ့ဗိုက်လေးကိုစမ်းရင်း ငိုမဲ့မဲ့လေးနှင့်

"ကျတော်တို့ က လေးလေး မရှိတော့ဘူးလားဟင်"

ရိပေါ်ဒီလိုမေးလိုက်တော့ Xzဟန်မ ဆောင်နိုင်ကာ မျက်ရည်တွေကျမိလေသည်

"ဟင့် လူကြီး က လေးလေး မရှိတော့ဘူးလား "

"ရိပေါ်!"

"ဟင့်ဟင့် "

ybဟာ ဝမ်းနည်းစွာငိုတော့ Xz ဖက်ထားလိုက်ပြီးသူပါငိုတော့သည်  ဒါပေမယ့်လည်း သူပါဒီလိုရိပေါ်နဲ့ပြိုင်ငိုနေလို့မရဘူး သူကရိပေါ်ကိုနှစ်သိမ့်ဖို့တည်ငြိမ်နေရမယ်မလား

"မငိုနဲ့တော့ရိပေါ် ပင်ပန်းနေလိမ့်မယ် တိတ်တော့နော် ရိပေါ်က ခုလိုငိုနေ တော့ကိုယ်ဘယ်စိတ်ကောင်းပါ့မလည်း"

"ဟင့် ကျတော့်ကြောင့် ကျတော်မ ကောင်းလို့ က လေးလေးသေသွားရတာ ကျတော်ကြောင့်ပါ အဟင့် ကျတော်တောင်းပန်ပါတယ်"

"မဟုတ်တာ မင်းကြောင့် မဟုတ်ပါဘူး မင်းကြောင့် မဟုတ်ဘူးနော် ကိုယ်ပြောမယ် ရိပေါ် ဒီကိုကြည့် ကိုယ်လည်း ကိုယ်တို့ရဲ့ပထမဆုံးသွေးသားလေး မရှိတော့လို့ ကိုယ်လည်းဝမိးနည်းရပါတယ် ဒါမယ့် ရိပေါ်ကို ကိုယ်အပြစ်မတင်ရက်ဘူး yပ်ါအမှားလည်း မဟုတ်ဘူး က လေးက ကိုယ်တို့ ထပ်ယူလို့ရတယ်လေ  ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်cင်ပါနဲ့ နော် ရိပေါ်က ကိုယ်ံအတွက်အ ရာအားလုံးထက်အ ရေးကြီးတယ် ဟုတ်ပြီလား မငိုနဲ့တော့နော်"

"ဟင့်"

အငိုမတိတ်သေးတဲ့ရိပေါ်ကို ရင်ခွင်ထဲ ထွေးပွေ့ထားကာ နှစ်သိမ့်ပေးနေလိုက်သည် ကိုယ်လေးတုန်တက်သည်ထိ င်ုကြွေးနေတဲ့ရိပေါ် ခနအကြာမှာပဲ မောပန်းကာ Xzရင်ခွင်ထဲ အိပ်ပျော်သွားလေသည်

ကောင်လေးရဲ့လူကြီးWhere stories live. Discover now