part(8)

1.9K 159 1
                                    

"လူကြီး ရေ လူကြီး"

"ဖြေးဖြေးလာပါ ဘယ်လိုဖြစ်တာတုန်း"

Xzအလုပ်ကပြန်လာတာသိတာနဲ့ အိမ်ပေါ်လှေကားရှည်ကြီးက ပြေးဆင်းချလာတဲ့ ရိပေါ်

"လူကြီး! ဒီမှာ ကြည့်"

"ဒါဘာလည်း"

"အဟိ ဒါလား legoအရုပ်တွေလေ ကျဲ ပေးတာကျတော့်ကိုစာစစ်တာ အကုန်မှန်လို့"

"ဟုတ်လား ယုံဟွားက ဘယ်ဆိုးလို့လည်း"

"ဟုတ်တယ် ကျတော် ကျဲနဲ့စာသင်ရတာတကယ်အဆင်ပြေတယ် ကျဲကိုလည်းအရမ်းသ ဘောကျတယ်"

"ဟင်!"

ထိုစကားကြားတော့ Xzမျက်နှာတချက်ပျက်သွားသည်

"လူကြီးသိလား ကျဲက ပြောတယ် ကျတော်စာမေးပွဲအောင်ရင် ကျဲက ဟော့ပေါ့ လည်းလိုက်ကျွေးမယ် လက်ဆောင်လည်းပေးမယ်တဲ့"

"အင်း"

"လူကြီးကော စာမေးပွဲအောင်ရင်ပေးမှာလည်း ပြော"

"လိုချင်တာဝယ်ပေးမယ်"

"တကယ်နော် ရေးး ဒါဆို စာသွားကျက်လိုက်ဦးမယ်"

ပြောပြီး အပြန်ပြေးတက်သွားပြန်သည်

"ထမင်းစားပြီးပြီလား" အ ပေါ်တက်ပြေးတက်သွားတဲ့ ကောင်လေးကို မေးလိုက်တော့

"ပြီးပြီ"

Xzပြီးပြီဆိုတော့ ဒီနေ့ သူတစ်ယောက်ထဲပဲ စားရ တော့မှာပေါ့

*****

အချိန်တွေ တဖြည်းဖြည်းကုန်လာလေ ရိပေါ်စာမေးပွဲဖြေရဖို့ တရက်တရက်နီးလာလေ ရိပေါ်က အရင်ကလိုမဟုတ်တော့ဘူး စာတအားကြိုးစားလာတာ သူ့ဆရာမယုံဟွားနဲ့လည်း အရမ်းရင်းနှီးနေပြီ စကားပြောတိုင်း ကျဲ ကျဲ နဲ့ တခါတ လေ ရှောင်းကျန့်ပါ အမြင်ကပ်လာသည်ထိ ကောင်လေးနဲ့အတူနေလာတာ ခြောက်လနီးပါး ကြာမြှင့်လာတော့ သူကောင်လေးအ ပေါ်သံယောဇဉ်တွယ်လာမိသည် သံယောဇဉ်ထက်တောင်ပိုနေမိပြီလားမသိတော့ တ နေ့ထက်တ နေ့ အရိပ်တကြည့်ကြည့် နဲ့ ဘာမှ လိုလေ သေးမရှိအောင် ဂရုစိုက်ပေးနေသည် ဆိုးတတ်တဲ့ ထိုကောင်လေးပေါ် အစက ထက်သည်းခံတတ်လာတယ် တခါတရံ ယုံဟွားနဲ့တောင်သဝန်ကတိုချင်မိသေးတယ် သူကောင်လေးအ ပေါ်ချစ်မိနေလားဆိုတာတောင် မသိတော့ပါဘူး

ကောင်လေးရဲ့လူကြီးWhere stories live. Discover now