part(13)

1.9K 139 2
                                    

ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် လက်ထပ်ပြီးတာ ဒီနေ့ ဆိုရင်တနှစ်ပြည့်ခဲ့ပြီလေ

အဆိုးလေး ရိပေါ်ဟာ ခုထိ ရှောင်းကျန့် အ ပေါ်ဆိုးနေတုန်းပါ ဘာမဟုတ်တဲ့ ကိစ္စလေးကို စိတ်ဆိုးစိတ်ကောက်တတ်ပြီး ထစ်ခနဲရှိ အိမ်ပေါ်က ဆင်းမယ်ဆိုပြီး ခြိမ်းခြောက်တတ်သည်

ရှောင်းကျန့်က တော့ အဆိုးအဆာ လေးကို စိတ်ရှည်စွာသည်းခံချစ်ရတာပေါ့ အရာအားလုံး လိုက်လျောပေးတယ် အရာအားလုံး ရိပေါ်စိတ်တိုင်းကျသာ

"လူကြီး!"

"အင်း"

"ဒီနေ့ လူကြီးနဲ့ကျတော်မင်္ဂလာသက်တနှစ်ပြည့်ပြီနော်"

"အင်းလေ"

"လူကြီး ကျတော့်ကိုဘာလက်ဆောင်ပေးမှာလည်း ပြော"

"ဘာလိုချင်လည်းပြောကြည့်လေ"

"အင့်"

နှုတ်ခမ်းလေးကို ဆူကာ ရှေ့တိုးပေးသည့် ရိပေါ်

ရှောင်းကျန့်လည်း အသဲယားကာနမ်းလိုက်သည်

"အွန့် လူကြီး တော်ပြီ တော်ရုံပေါ့ လူကြီးကလည်း"

"ပြွတ်စ် အဆိုးလေး အားကြီးချစ်ဖို့ ကောင်းတာပဲ"

"ဘာအဆိုးလေးလည်းသူများကို ဟွန့်"

"အားး အသဲယားအောင်မလုပ်နဲ့ လုပ်လိုက်ရင် တစစီ ဖြစ်ကုန်တော့မယ် "

"အာလူကြီး နော်"

"ဟက် "

"surpriseလုပ်ဖို့ အစီအစဉ်လေးဘာလေးရှိဘူးလား လူကြီး ဒီနေ့ တနှစ်ပြည့်ဟာ"

"ဟင့်အင်းကိုယ် အဲ့လိုမလုပ်ချင်ဘူး လုပ်ရတာမကြိုက်ဘူး"

"ဟင့်"

ရင်ခွင်ထဲက ထွက်သွားကာ စိတ်ကောက်သွားလေသည်

"ရိပေါ် ဘာဖြစ်တာလည်း စိတ်ကောက်သွားတာလား"

"……"

"ရိပေါ် ရိပေါ်!! ကိုယ့်အသဲတုံးလေး"

Xz တချက်ပြုံးလိုက် လက်ဖျောက်တီးလိုက်တော့

"တနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ကို ဂုဏ်ယူပါတယ်"

ကိတ်မုန့် ကိုလှည်းနဲ့ အခန်းထဲ တွန်းလာတဲ့ အိမ်အကူတွေ အခန်းထဲပို့ပြီးတာနဲ့ အလိုက်တသိ ပြန်ထွက်သွားကျသည်

ကောင်လေးရဲ့လူကြီးWhere stories live. Discover now