ညနေခင်းဘက် ကော်ဖီဆိုင်လေးတစ်ခုရဲ့အတွင်းထဲမှာ လူတွေစည်ကားလို့နေသည်။ဆိုင်အတွင်းတွင် ချစ်စရာကောင်ငယ်လေးတစ်ယောက်ကတော့ တစ်ဝိုင်းနဲ့တစ်ဝိုင်းကူးနေကာ စားသုံးသူတွေ လိုအပ်တာတွေကို လိုက်လုပ်ပေးရင်း အလုပ်ရှုပ်နေတော့သည်။မသိတဲ့သူသာဆိုလျှင် ဒီကောင်လေးကို ဆိုင်ရဲ့အလုပ်သမားလို့ပင်ထင်နေလိမ့်မည်။တကယ်တော့ သူဟာ ဆိုင်ပိုင်ရှင်ပါ။
"P'Plan နည်းနည်းပါးပါးနားနေပါအုန်းဗျာ P' ကိုကြည့်ရင်း ကျွန်တော် မူးလာပြီ"
ကောင်တာထိုင်နေတဲ့ Perth က ပြေးလွှားနေသော Plan လက်ကိုလှမ်းဆွဲကာ အနားကိုခဏခေါ်ထားရသည်။Perth ကအလုပ်ဝင်တာသိပ်မကြာသေးပေမယ့် တော်တော်ကြိုးစားသည်။Plan နဲ့လဲခင်သည်။Plan ကတော့ အလုပ်သမားတွေအကုန်လုံးကို ညီငယ်လေးတွေလိုသာသဘောထားတာကြောင့် ဒီ cafe လေးက စီးပွားဖြစ်ဆိုင်တစ်ခုဆိုတာထက် မိသားစုတစ်ခုလိုပင်ဖြစ်နေတော့သည်။
"နေစမ်းပါကွာ ဆိုင်မှာလူကျနေတာမမြင်ဘူးလား ဘာလိုအပ်လဲ သိရအောင် အနားရှိနေမှဖြစ်မှာ"
ပြောရင်း ပြန်ထွက်သွားဖို့လုပ်နေသော Plan ကို Perth ထပ်ဆွဲရပြန်သည်။
"ကဲ Phi ရေ ကျွန်တော်သွားမယ် ဟုတ်ပြီလား P' ကထိုင်နေ"
"Perth ငါရပါတယ်ဆို မင်းကဘယ်လိုဖြစ်နေတာလဲ"
ထိုအချိန် ဆိုင်ထဲကိုထပ်ဝင်လာသည့် ကောင်မလေးတစ်ယောက်။ဂါဝန်လေးနဲ့ သွက်လက်နေသည့် ဒီမိန်းကလေးဟာ တစ်ဆိုင်လုံးကသူတွေရဲ့အာရုံကိုဖမ်းစားသွားခဲ့သည်။ထိုကောင်မလေးကတော့ ချစ်စရာကောင်းသည့် အပြုံးလေးများနဲ့ Plan တို့ရှိသော ကောင်တာကို တန်းလာနေလေသည်။
"အဟမ်း.. Jina တို့ကတော့ နောက်ကျတယ်ကိုမရှိဘူးဟေး"
"Ai'Perth ငြိမ်ငြိမ်နေစမ်း"
လှမ်းနောက်သည့် Perth ကို Jina ကလျှာထုတ်ပြောင်ပြကာ ကောင်တာပေါ်လက်တင်ရင်း Plan ကို ငေးကြည့်လာပြန်သည်။
"P'Plan.. ပင်ပန်းနေပြီလား"
"လုပ်နေကျဘဲဟာ အကိုအဆင်ပြေပါတယ် ဒီနေ့ကော shooting ကအစောကြီးပြီးလာပြန်တာလား"